Chapter ● 11 ●
ရှန်းထောင်းနှင့်ကျန်းခိုင်တို့ ချိုးယန့်ကို လူနာခန်းထဲ ခေါ်ဝင်လာချိန်တွင် ချိုးယိမှာ လူနာခုတင်ပေါ် လှဲလျက် တီဗွီကြည့်နေဆဲဖြစ်ပြီး ညာခြေက လေပေါ်တွင် တွဲလောင်းချိတ်ထားရသည်။
"အဟန့်ကတော့ ကောင်းသားပဲဟ"
ရှန်းထောင်းက ချိုးယိခြေထောက်ပေါ်မှကျောက်ပတ်တီးကို လက်နှင့်ထိသပ်လိုက်ပြီးနောက် ဆက်၍ -
"မင်းစက်ဘီးကိုတော့ မင်းအစား ငါနည်းနည်းပါးပါးကိုင်ပေးလိုက်တယ်။ ကျွတ်သွားတဲ့ ဆေးရောင်တွေကတော့ လုပ်လို့မရတော့ဘူး။ တစ်ထပ်တည်းတူတဲ့ဆေးရောင်ကို ရှာမရလို့။ ဖြန်းချင်ရင်တော့ တစ်စီးလုံးပြောင်းဖြန်းမှရမယ်"
"ကိစ္စမရှိဘူး"
ချိုးယိက ခုတင်ဘေးနားဗီရိုပုလေးပေါ်သို့ ချိုးယန့်တင်လိုက်သော စွပ်ပြုတ်ချိုင့်ကိုကြည့်နေပြီး လက်ဆန့်ထုတ်ကာ ချိုးယန့်ခေါင်းကို ပွတ်သပ်ပေးလိုက်ရင်း -
"ဒီစွပ်ပြုတ်က ဘယ်ကနေ ရလာတာလဲ"
"သားချက်ထားတာ။ အရိုးချောင်းစွပ်ပြုတ်။ အရိုးကိုစားပြီး အရိုးကို အားပြန်မွေး"
ချိုးယန့်က ဆို၏။
"ချေးစကားတွေ"
ချိုးယိက လက်ချောင်းထိပ်ဖြင့် ချိုင့်ဘူးပေါ်ကို ခေါက်လိုက်ရင်း -
"ငါတို့အိမ်မှာ ဒီလိုချိုင့်မျိုးမရှိဘူး"
"ဘွားဘွားလီတို့အိမ်က ချိုင့်"
ချိုးယန့်က မျက်မှောင်ကြုတ်ထားသည်။ ဝယ်လာခဲ့သောစွပ်ပြုတ်ဟု သူမပြောရဲပေ။ အခြားသူတစ်ယောက် ဝယ်ပေးသောစွပ်ပြုတ်ဟု သူပို၍တောင် မပြောရဲပေ။
"မြန်မြန်သောက်လိုက်"
"အာ့ပေါင် ရေပူ နည်းနည်းသွားထည့်လာခဲ့"
ရှန်းထောင်းက ဘေးနားရှိရေနွေးကရားကို လှုပ်ကြည့်လိုက်ပြီး ဆက်၍ -
"ထည့်တတ်လား"
"ထည့်တတ်တယ်"
အာ့ပေါင်က ရေနွေးကရားကို ယူလိုက်ပြီး ကိုယ်ကိုလှည့်ကာ လူနာဆောင်ထဲမှ ပြေးထွက်သွားသည်။
YOU ARE READING
《Wolf pair》- ဘာသာပြန်
Teen FictionLang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe