Chapter - 29

322 53 1
                                    

Chapter ● 29 ●

ပျန်းနမ် ကျောင်းသို့ ပြန်ရောက်သောအခါ ကျောင်းပေါက်ဝရှိ ခေါက်ဆွဲဆိုင်လေးတွင် ခေါက်ဆွဲပြုတ်ပွဲကြီးတစ်ပွဲ ဝယ်လိုက်ပြီး ကိုလာတစ်ဘူးလည်း ယူလိုက်ကာ လမ်းဘက် မျက်နှာမူထိုင်လျက် တဖြည်းဖြည်း စားနေသည်။

သံမဏိလူသား သုံးမျိုးပြိုင်ပွဲဟုပြောလျှင်လည်း တကယ်တမ်းတွင် မှားတော့ မမှားပေ။ အိတ်ခိုးသောအဘိုး၏နောက်ကို ပြေးလိုက်ခဲ့သော ထိုလမ်းတစ်ပိုင်းကို ထည့်သွက်လျှင် အပြေး၊ ရေကူး၊ စက်ဘီးစီး အားလုံး စုံနေပြီ။ ပျန်းနမ်သည် သူ့ခြေထောက်ပေါ်ကိုသူ ခေါက်လိုက်သည်။ ဤညောင်းညာလှသော ခံစားချက်မှာ လေ့ကျင့်ရေးဆင်းလိုက်သည်နှင့် သိပ်မကွာနေတော့ပေ။

[T/N: သုံးမျိုးပြိုင်ပွဲ (三项) ကတော့ ရေကူး၊ စက်ဘီးစီးနဲ့ အပြေး စတဲ့ ပြိုင်ပွဲသုံးမျိုးပါတဲ့ triathlon ကို ပြောတာပါ။]

ခေါက်ဆွဲတစ်ပွဲ ဗိုက်ထဲ ဝင်သွားပြီးနောက် သူသည် နဖူးအပြည့် ချွေးစို့သွားတော့သည်။ လန်းတယ်။

ကျောင်းထဲတွင် အလွန်တိတ်ဆိတ်နေသည်။ အဆောင်ထဲတွင်တော့ လူမရှိသလောက်ပင်။ အ‌ဆောင်ပေါ် တက်လာသည့်လမ်းတစ်လျှောက်တွင် ပျန်းနမ် ရေတွက်လာခဲ့သည်။ သူ့ကိုပါ ထည့်ပေါင်းလိုက်မှ လူ ငါးယောက်သာ ရှိသည်။

သူတို့အိပ်ဆောင်ခန်းမှာ ထုံးစံအတိုင်းပင် လူသူကင်းမဲ့နေသည်။ တံခါးတွန်းဖွင့်လိုက်သောအခါ မလွင့်ပြယ်သေးသော ချွေးနံ့တစ်ခုက သူ့ဆီ အလုံးအရင်းဖြင့် လာမိတ်ဆက်လေသည်။ ဝမ်းနည်းကြေကွဲခြင်း လွှမ်းနေသော လက်ဝါးတစ်ချက်က ထိပ်တိုက် လာဖြတ်ရိုက်လိုက်သည့်အလား။

ပျန်းနမ်သည် ခပ်သွက်သွက်ပင် အိပ်ဆောင်တံခါးအပြင်သို့ နောက်ဆုတ်လိုက်သော်လည်း ထိုအနံ့က လေနှင့်အတူ တိုက်ခတ်ရောက်ရှိလာသည်ဟု ခံစားနေရဆဲပင်။

"ဆရာကြီးပဲ"

သူသည် မျက်မှောင်ကြုတ်လျက် အခန်းထဲ ပြန်ဝင်လိုက်ရာ တစ်ချက်ကြည့်လိုက်သည်နှင့် ခုတင်ဘောင်ပေါ်တွင် တင်ထားသော ကျူးပင်း၏အားကစားဝတ်စုံကို တွေ့လိုက်ရသည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now