Chapter - 83

865 128 31
                                    

Chapter ● 83 ●

ပျန်းနမ်သည် လှေကားထစ်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေရင်း ချိုးယိက လက်မြှောက်လာပြီး ကျောက်တိုင်ပေါ်ကို ညင်ညင်သာသာ လှမ်းထိလိုက်တာကို ကြည့်နေသည်။ ထိုနေရာတွင် ချိုးယိတို့မေမေ၏ဓာတ်ပုံ ရှိနေလောက်မည်။ သူသည် သွားကြည့်ချင်သော စိတ်ဇောတစ်ခု ဖြစ်လာခဲ့သည်။

ဒီလောက် ချောမောလှပပြီး သိတတ်သော သားလေးနှစ်ယောက်ရှိသည့် မိခင်က ဘယ်လိုရုပ်ရည်ရှိသလဲဆိုတာ သူ သွားကြည့်ချင်သည် ......

သေချာတာကတော့ ဒါတွေဟာလည်း သူ့အတွေးဆန္ဒသက်သက်ပါပင်။ ချိုးယိ သူ့ကို ဒီနေရာအထိ လိုက်လာခွင့်ပြုတာကတောင် တော်တော်မလွယ်တဲ့ကိစ္စ ဖြစ်နေပြီ။

"မေမေ"

ချိုးယိက ဓာတ်ပုံကို ကြည့်နေလျက် -

"နှစ်သစ်ကူးပြီ"

ချိုးယိ၏အသံမှာ အလွန်တိုးလျသည်။ သို့သော် ပျန်းနပ်ရှိသည့်နေရာက လေစုန်သည့်ဘက်ဖြစ်၍ သူ့စကားသံကို ဝိုးတဝါး မပီမပြင် ကြားနေရသည်။

သူသည် မသိစိတ်ကနေ နားစွင့်လိုက်မိသည်။ ချိုးယိက သူ့မေမေကို ဘာတွေပြောမလဲဆိုတာ နားထောင်ချင်သည်။

ချိုးယိ စကားခဏရပ်လိုက်ပြီးနောက် နောက်တစ်ကြိမ် ထပ်ပြောလာပြန်သည်။

ယခင်အတိုင်းပင် ညင်သာြဖည်းနှေးစွာ ပြောနေဆဲပင်။ သို့သော် ဒီတစ်ခေါက်မှာတော့ ပျန်းနမ် တစ်လုံးမှတောင် နားမလည်တော့ချေ။

အတော်ကြာအောင် ကြောင်နေပြီးတော့မှ သတိပြန်လည်လာတော့သည်။ ချိုးယိပြောနေတာ တရုတ်စကား မဟုတ်ဘဲ ရုရှားဘာသာစကားဖြစ်နေသည်။

ဟ ... တကယ် ပြောတတ်နေတာပဲ။

ပျန်းနမ်မှာ တဒင်္ဂအတွင်း အာရုံပြောင်းသွားတော့သည်။

သူ လှေကားထစ်ပေါ်ထိုင်လျက် မျက်စိရှေ့က ကုန်းစောင်းပေါ်ရှိ အုတ်ဂူကျောက်တိုင်တန်းကို ကြည့်နေသည်။

ယခုတော့ လေတိုက်ရှိန် လျော့သွားပြီဖြစ်ကာ သိပ်လည်း မအေးတော့ပါ။၊ သူ ခေါင်းကိုစောင်းလျက် ချိုးယိအား ကြည့်နေသည်။

《Wolf pair》- ဘာသာပြန်Unde poveștirile trăiesc. Descoperă acum