Chapter ● 62 ●
ပျန်းနမ် ထိုစကားကို ပြောထုတ်လိုက်သည့်အချိန်တွင် နှောင့်ယှက်မည့်သူမရှိဘဲ စစ်ပွဲကြီးတစ်ပွဲ တိုက်ခိုက်ဆင်နွှဲလိုက်ရနီးပါးလိုပင်။ သုံးရက်သုံးည အကြိမ်ပေါင်း ၃၀၀ လောက် တိုက်ခိုက်ပြီး မိုးမှောင်မြေမိုက် နေလတို့ အလင်းရောင်မမြင်ရသည့်နှယ် ...... တကယ်ကို ရည်မှန်းချက်တွေကြီးလွန်း၏။
သို့သော် ချိုးယိက ရုတ်တရက် ဤသို့ တဲ့တိုးဆန်ဆန်မေးလာတော့ သူ့မှာ ဘယ်လိုပြန်ဖြေရမှန်းမသိ ဖြစ်သွားသည်။
ဆန္ဒရှိလား။
သေချာပေါက် ရှိတာပေါ့။ သို့သော် ယခင်က သေချာအသေးစိတ် သိပ်မစဥ်းစားဖူးပေ။
အကြောင်းအရာအတိအကျကို ပိုလို့တောင် ...... ဘယ်တုန်းကမှ မစဥ်းစားဖူးပါ။
ယောက်ျားလေးတောင် မဆိုထားနဲ့အုံး။ မိန်းကလေးနှင့်ဆိုလျှင်လည်း သူ့အနေဖြင့် မျက်နှာလေး နမ်းရုံသာ။ အတွေ့အကြုံက ဝမ့်ဖေးလောက်တောင် မရှိဖို့များသည်။
ထို့ပြင် ...... သူ ရုတ်တရက် ကသိကအောက် ဖြစ်ရသည်။
ဘာကြောင့်လဲတော့ အကြောင်းရင်း မပြောတတ်ချေ။
ဆယ်နှစ်ကျော်ရှိ သူ၏ဘဝသက်တမ်းထဲတွင် တစ်ရက်၌ ယောက်ျားလေးတစ်ယောက်နှင့် ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာမည်လို့ တစ်ခါမှ မတွေးဖူးလို့လည်း ဖြစ်နိုင်သည်။
"ငါခဏလောက်မှေးအုံးမယ်"
ချိုးယိက လက်မောင်းကို ခေါင်းအုံးလျက် မျက်လုံးများ မှိတ်လိုက်ပြီး -
"ညနေ မင်း ကျောင်းကို ပြန်မှာလား"
"လေးနာရီကျော်လောက် ဖြစ်လိမ့်မယ်။ ကန်တင်းက ထမင်းချိန်အမီ"
ပျန်းနမ်သည် ချိုးယိ၏မျက်ခုံးမွှေးများကို ကြည့်နေရင်း လက်ဆန့်ကာ ခပ်ဖွဖွ တစ်ချက်ထိလိုက်ပြီး -
"သာ့ပေါင်"
"ဟင်"
ချိုးယိ ပြန်ဖြေသည်။
"မင်းလိုချင်လား"
ပျန်းနမ်တိုးတိုးလေး မေးသည်။
YOU ARE READING
《Wolf pair》- ဘာသာပြန်
Teen FictionLang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe