CHAPTER VI.

51 4 0
                                    

"I've got my eyes on you"

မြို့စားငယ်က လူချမ်းသာမျိုးရိုးကနေဆင်းသက်လာပြီးအသက်အားဖြင့် နှစ်ဆယ့်သုံးနှစ်အရွယ်ခပ်ကောင်းကောင်း။မင်းသမီး Sasha နဲ့စေ့စပ်ပွဲဟာလည်း ရက်ပိုင်းအတွင်းပြီးဆုံးဖျက်သိမ်းခဲ့လေပြီ။

သံယောဇဉ်ခပ်မျှင်မျှင်သာရှိဟန်တူသည့် သူတို့နှစ်ဦးအတွက်အထူးတလည်ညှိနှိုင်းစရာပင်မလို။Sashaဟာ စိတ်လိုလက်ရဆောင်၍ သဘောတူပေးခဲ့သည်။

မော်စကိုမှာအမှုထမ်းဖို့ဖြစ်စက သူဟာခဲများပင်ဆွဲထားသလိုလေးလံစိတ်နဲ့ ငြင်း‌ဖြစ်အောင်ငြင်းခဲ့သေး၏။အဲ့တော့အလည်အပတ်သဘောလောက် သွားကြည့်ပါဆိုတဲ့ ဖခင်ရဲ့တိုက်တွန်းမှုနဲ့တင် မော်စကိုကိုကြိုတင်စနည်းနာရင်း ခရီးထွက်ခဲ့သည်။

ရောက်ဖူးရောက်စရှိပေမယ့် ပြဇာတ်ရုံတွေကသူနဲ့စိမ်းသက်လှသည်။ပြဇာတ်၊ဝတ္ထုတွေက သူ့အကြိုက်မဟုတ်။ပင်ကိုအားဖြင့် မြို့စားငယ်သည် ကပွဲတွေ၊ညစာစားပွဲတွေနဲ့သာ နပန်းလုံးနေရသူဖြစ်၏။

Jeremiah ကမယ့်ပြဇာတ်တွေဟာသာမန်ထက် လူစည်သည်၊ဈေးကြီးသည် ဆိုတဲ့စကားကိုကြားမိကတည်းက ထိုအမျိုးသားအားသိချင်လာမိသည်။လှပနုနယ်တဲ့ အမျိုးသားတယောက်ကိုမြင်လိုက်သည်နှင့် တခဲနက်လက်ခုပ်သံများကပြဇာတ်ရုံအတွင်းအနှံ့။သူ့ရဲ့ရှုထောင့်ကကြည့်လျှင် ထိုအမျိုးသားဟာလျှို့ဝှက်ဆန်းကြယ်သည်။ပြဇာတ်တပုဒ်ဟာ သူ့စိတ်ကိုလှုတ်ခတ်စေနိုင်သည်။ဟင်ကနဲ၊ဟာကနဲဖြစ်နေတဲ့ ပရိတ်သတ်တွေရဲ့စီးမြောလိုက်ပါမှုကြောင့် ပြဇာတ်ရုံကြီးတခုလုံးဟာပို၍ပင်အသက်ဝင်လှ၏။ခေတ်အစားဆုံးဖြစ်နေသည့် ပြဇာတ်တပုဒ်ဟာ အချိန်တခုမှာပြီးဆုံးသွားခဲ့လေသည်။

ဘယ်သူဘယ်ဝါလဲဆိုတဲ့ အဖြေကိုတိတိကျကျသိချင်၍လာသည်နှင့်အပြိုင် မရှက်တမ်းမေးမိတော့ ထိုလူကြီးကသူ့ကိုမယုံနိုင်ဖွယ်လှမ်းကြည့်သည်။အကြမ်းဖျင်းနည်းပါးသိခဲ့ရပြီးနောက် စိတ်ကျေနပ်မှုရှိစွာနဲ့ Petersburg ကိုသာပြန်လာခဲ့ရပြီးနောက် မော်စကိုမှာမြို့စားအဖြစ်ထမ်းဆောင်ဖို့ ဖင်တကြွကြွဖြစ်နေခဲ့၏။

Born To DieWhere stories live. Discover now