CHAPTER III.

87 8 0
                                    

Well, I'm not Shakespeare .
~

"Just Pray to god Marina! မင်းရဲ့ဆန္ဒတွေကိုဘုရားသခင်သာဖန်ဆင်းပေးလို့ရမယ် မင်းရဲ့အလိုဆန္ဒတွေအကုန်လုံးကိုငါဖြည့်ဆည်းပေးလို့မရဘူး!"

Marina ကသူမရဲ့မျက်ရည်တွေကိုအကျမခံခဲ့သလို ဝေ့တက်လာတဲ့မျက်ရည်တွေကိုပါသူမလက်ဖမိုးနဲ့အကြမ်းလွှဲသုတ်ပစ်လေတယ်။

"Jeremiah အတွက်ဖခင်တစ်ယောက်ပဲလိုတယ် အဲ့ဒါကအလိုချင်ဆုံးအမှန်တရားတခုပဲ "

Jeremiah ရဲ့ဖခင်ဟာသူမရှေ့မှာအခုတည့်တည့်မတ်မတ်ရပ်နေခဲ့ရက်နဲ့ ထိုလူဟာလှောင်ရယ်စရာကောင်းလောက်အောင်ကို စိတ်ပျက်လက်ပျက်ညီးညူနေတယ်။

"Marina မင်းကငါ့ကိုအဆိုးရွားဆုံးလူဖြစ်အောင်လုပ်နေခဲ့တာပဲ ဒီကလေးတစ်ယောက်ကိုမင်းဘယ်လိုမွေးဖို့လွယ်လွယ်ကူကူဆုံးဖြတ်ခဲ့သလဲ မင်းရဲ့အသိဉာဏ်တွေကအဲ့လောက်တောင်နည်းကျဉ်းခဲ့တာလား အရှက်မဲ့တဲ့လုပ်ရပ်တွေကိုလုပ်ခဲ့တာနဲ့တင်အားမရဘဲ မင်းသူ့ကိုမွေးခဲ့တာလေ အသိတရားရှိစမ်းပါ Marina မင်းကဘယ်တော့မှမိခင်ကောင်းတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး !!"

ထိုလူကအရှက်မဲ့တဲ့စကားတွေကို ပရမ်းပတာနိုင်စွာပြောကြားနိုင်ပေမယ့် Marina ဆိုတဲ့အမျိုးသမီးမှာတော့အံ့အားသင့်ခြင်းတွေကိုလက်ဝယ်ပိုက်လို့ ငြိမ်သက်မိ၏။

အမျိုးသမီးကောင်းတစ်ယောက်၊မိခင်ကောင်းတစ်ယောက် အသိအမှတ်မပြုခံရ‌လည်းသူမက ကျေနပ်တယ်၊ဒါပေမဲ့ သူမရဲ့အမှားလို၊သူမလိုအဖြစ်မျိုးနဲ့ Jeremiah ကြုံတွေ့မသွားဖို့၊မချစ်မိလေဖို့ကတော့ သူမရဲ့တာဝန်ဝတ္တရားတခု။

ပါးတဖက်ကိုအရှိန်ပြင်းပြင်းလွှဲရိုက်ပစ်လိုက်တဲ့ သူမရဲ့လက်တွေကထုံကျင်နေပြီ။

"Vasaya ရှင်လိုသစ္စာတရားကိုမသိတဲ့လူကများ အရှက်မရှိ! ကျွန်မကလူအနှိမ်ခံ၊အရှက်မဲ့တဲ့လုပ်ရပ်တွေကိုကျူးလွန်ခဲ့လဲ ကျွန်မကဘယ်တော့မှကိုယ့်ကိုကိုယ်လိမ်ညာခဲ့တာမျိုးမရှိဘူး ကျွန်မရဲ့လုပ်ရပ်ကိုဘုရားသခင်ကောင်းကောင်းကြီးသိတယ် ကျွန်မကဘယ်လိုလူလဲအစ၊ဘယ်လိုပေးဆပ်ခဲ့ရလဲဆိုတာအဆုံးပေါ့ ဒါပေမယ့်ရှင့်လိုလူကတော့ကောက်ကျစ်တဲ့အသွင်ကိုအမြဲတမ်းပြောင်းနေရလွန်းလို့ ကိုယ့်ပုံရိပ်အစစ်ကိုတောင်မမြင်နိုင်တဲ့လူပဲ ရှင့်ရဲ့အတ္တတွေနဲ့ဂုဏ်ရာထူးတွေကိုပဲရှင်တန်ဖိုးထားပါ အဲ့တာကရှင့်အတွက်တရားမျှတပါတယ် "

Born To DieWhere stories live. Discover now