Prologue

120 10 0
                                    

ဒီနေ့ညစံတော်ချိန်ရှစ်နာရီ။Jeremiah ပါဝင်ကမယ့်Lower depthsပြဇာတ်


နံရံကပ်ကြေညာစာရွက်အပေါ်မှာ ပါဝင်နေတဲ့ နာမည်တခုကြောင့် ဒီနေ့ညMariinsky theater မှာလူလျှံမှာသေချာပေါက်ပဲ။

ဖြတ်သွားဖြတ်လာတချို့က တချက်ဝေ့ကြည့်ဖြစ်သလို အမှုမဲ့အမှတ်မဲ့ကျော်လွန်သွားသူတွေလည်းခပ်များများရယ်။တချို့တွေအတွက်ကတော့ ဖျော်ဖြေမှုရသတွေကို ခံစားလို့ကောင်းတဲ့ ညချမ်းအချိန်အခါကောင်းကိုပိုင်ဆိုင်ဖို့အတွက် အခွင့်အရေး‌ကြီးဖြစ်နေပါလျက်။တချို့များကျပြန် အနုပညာနဲ့ပျော်ရွှင်မှုဆိုတာ ဘယ်လိုအရာမျိုးပါလိမ့်ဆိုပြီးမေးခွန်းထုတ်ချင်စရာကောင်းနေတဲ့ခေတ်ပျက်ကြီးပေါ့။

အသက်မသေယုံ၊ရှာဖွေစားသောက်နေရတယ်။ဝမ်းစာရေးဖူလုံဖို့အတွက်ပဲ လုံးပန်းနေရတယ်။ရှင်သန်ရင်းနဲ့ ဘဝအဓိပ္ပာယ်မဲ့နေခဲ့ကြတဲ့လူတွေလည်းရှိနေတဲ့ လောကကြီးမှာအလှပတွေက အကျည်းတန်လွန်းပါရဲ့။အဖိုးတန်လွန်းပြီးဈေးကြီးတဲ့အရာတွေက အလှတရားတွေနဲ့ပဲခြယ်သခြင်းတွေမဟုတ်ခဲ့ဘူး။

ကျော့ရှင်းနေတဲ့ဝတ်စားဆင်ယင်မှုအပြီးမှာ  မှန်ရှေ့မှာထိုင်လျက်သား ထိုအမျိုးသားရဲ့မျက်နှာလေးဟာ တေးသွားသံစဉ်တွေလိုပဲစီး‌မြောယစ်မူးချင်စရာ‌ကောင်းလှတယ်။ချောမောဖွယ်အတိ၊လှရက်တယ်ဆိုတဲ့စကားကို တလှည့်၊ပါရမီပါတယ်၊ပြောင်မြောက်တဲ့ အနုပညာသည်ဆို၍လည်းတဖုံ ချီးမွမ်းတတ်ကြသေးတယ်။မျက်နှာပေါ်တလျှောက်ကူးသန်းနေတဲ့ လက်ချောင်းတွေရဲ့‌ရွေ့လျားမှုကအစ၊ဇာတ်ညွှန်းအား အာရုံစူးစိုက်လျက်ရှိတဲ့မျက်ဝန်းတွေအထိ ဆွဲဆောင်မှုပြင်းရှလွန်း၏။

မာန်ပါပါ မျက်ခုံးတန်းတွေအလိုမကျယုံတွန့်ချိုးသွားတယ်။ရှိုက်ဖွာလိုက်တဲ့သူ့လက်ချောင်းတွေကြားက စီးကရက်တလိပ်ဟာလည်းမကြာခင်အငွေ့ပျံရင်းကုန်တော့မယ့်ပုံ။

"အဆင့်သင်ဖြစ်ပြီလား Jeremiah မင်းကအမြဲတမ်းကြည့်ကောင်းနေတော့တာပဲ"

ထိုအမျိုးသမီးကြီးရဲ့ချီးကျူးမှုစကားသံအဆုံး Jeremiah ကသူ့နှုတ်ခမ်းလေးတွေ တချက်တွန့်ကွေးရုံလောက်ပဲ ပြုံးပြခဲ့ရင်းအသိအမှတ်ပြုခဲ့တယ်။Jeremiahရဲ့နှစ်လိုလက်ရအပြုံးတွေကိုမြင်ဖူးချင်စမ်းပါဘိ။

Born To DieWhere stories live. Discover now