CHAPTER II.

70 9 0
                                    


All I know is that I sent him away .

//

"ကိုယ်တို့တွဲကကြမလား "

ခေါင်းတချက်ညိတ်ပြလိုက်တဲ့ Jeremiah ရဲ့ခွင့်ပြုမှုလေးနောက် ရဲတင်းစွာဆုပ်ကိုင်လာတဲ့လက်တွေက ထပ်တူညီစွာ။စည်းချက်ချချကခုန်နေမှုမှာလည်း ခန္ဓာကိုယ်ကအသားတကျရွေ့လျားနေမိရင်း။အလွတ်မှတ်မိ‌နေဆဲကကွက်တွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကကျင့်သားရနေခဲ့တယ်ထင်ပါရဲ့။စနောက်လိုက်၊ပြောင်လိုက်ကြနဲ့၊ဂုဏ်ထူထူလူတန်းစားတွေကြား ပြေးလွှား‌ဆော့ကစားခဲ့ကြတဲ့ ဆယ်ကျော်သက်အရွယ်ကိုပြန်မြင်ယောင်မိတော့ Jeremiah ရဲ့အပြုံးတွေကပေါ်လွင်လာလို့ရယ်။

ရယ်သံတစွန်းတစအသံ‌တွေကနားစည်ဝမှာပဲ့တင်ထပ်လို့။ဆယ်ကျော်သက်ကောင်လေးနှစ်ယောက်ရဲ့ ရယ်မောသံတွေကအသက်ဝင်နေပုံများ။တွေးမိလေတဲ့အတိတ်တွေမှာအလှတရားတွေနဲ့ မိုက်မှောက်ခြင်းတွေကရောယှက်‌စွာပါဝင်နေခဲ့၏။

ရာစုနှစ်တွေကျော်လွန်လာတာတောင်တဦးအပေါ်တဦးထားခဲ့တဲ့ မေတ္တာတရားရဲ့သက်ရောက်မှုတွေကလည်းမှေးမှိန်မသွားခဲ့ပါဘူး။

ခွဲခွာခြင်းနဲ့ စွန့်လွှတ်ခြင်းတွေကJeremiahအတွက် ကျင့်သားရနေပြီးသားအရာဖြစ်လင့်စား ဖန်တရာထပ်နေတဲ့ခံစားချက်အညှိီအစွန်းတွေကတော့ခံရခက်နေစမြဲ။နောင်တတွေကိုဖက်တွယ်ဖို့ထက် လက်တလောအခိုက်အတန့်မှာရှုသွင်းလိုက်တဲ့လေကတောင်မွန်းကြပ်ဖွယ်ရာ။ဘေးတဖက်မှာရယ်မောနေကြတဲ့လူတွေရဲ့အပြုံးယောင်ယောင်မျက်နှာတွေက အတုအယောင်တွေလို့သူစွပ်စွဲချင်တိုင်းစွပ်စွဲခွင့်မရှိသလို၊မပိုင်ဆိုင်သင့်တဲ့အရာတွက်စွဲလမ်းနေဖို့လည်းမထိုက်တန်ဘူး။

စွန့်လွှတ်မှုနဲ့ ရယူမှုမှာဘယ်အရာကအတ္တပိုစွက်ဖက်နေခဲ့လဲ။စွန့်လွှတ်မှုက ရယူခြင်းတွေကင်းမဲ့နေတဲ့လက်လျှော့ခြင်းတမျိုး၊လူညံ့တွေနဲ့လွယ်လွယ်အလျော့ပေးတတ်တဲ့သူတွေအတွက် ဖြေသိမ့်စရာခေါင်းစဉ်တခုလိုခမ်းနားတယ်။ဒါဆိုပိုင်ဆိုင်ရယူခြင်းတွေကရော ဖြူစင်ခြင်းတွေနဲ့လားလားမျှမသက်ဆိုင်ခဲ့ဘူး။ရယူလိုစိတ်၊အတ္တစိတ်နဲ့ပိုင်ဆိုင်ချင်စိတ်တွေက ဘယ်သောအခါမှရပ်တန့်မှာမဟုတ်သလို၊ဘယ်တော့မှလည်းငြိမ်းသက်နိုင်မယ်မထင်ဘူး။တခါရပြီး၊သိဖူးပြီးသားအရာကို ထပ်ပြီးတောင့်တရယူချင်မိခြင်းက စွဲလမ်းခြင်းဆိုတဲ့စိတ်ရဲ့အလွန်ကိုဆွဲခေါ်လာခြင်းခံရလိမ့်မယ်။အဆုံးမှာတော့ ရူးသွပ်ခြင်းလို့အမည်ပေးခံရတော့မှာပေါ့။

Born To DieWhere stories live. Discover now