CHAPTER I.

79 8 0
                                    


(18th Century Timeline)
Jeremiah
//

"Jeremiah ဒီနေ့ပြဇာတ်ရုံကိုမသွားဘူးလား"

အသက်အားဖြင့်ငါးနှစ်သာရှိသေးသည့်Joeက သူ့ဘေးနားကနေရာလွတ်လေးမှာကပ်ထိုင်ရင်း စာအုပ်လေးကောက်ဖတ်နေသည်။ယူလာတဲ့စာအုပ်လေးထဲမှာ ပြဲရှနေတဲ့စာရွက်အချို့လည်းပါဝင်နေသေး၏။

"မေမေတို့ကလွှင့်ပစ်ခိုင်းပေမဲ့ ကျွန်တော်သိမ်းထားတာ၊ဒီလိုစာအုပ်တွေအများကြီး ကျွန်တော်ကုတင်အောက်မှာရှိတယ် "

အိမ်မကြီးကိုတခါရှင်းတိုင်း၊အခန်းဆောင်တွေနဲ့ စာကြည့်ခန်းကိုရှင်းတိုင်း စာအုပ်ပေါင်းများစွာကိုသူတို့ဖြစ်သလိုလွှင့်ပစ်ချင်ကြတယ်။တန်ဖိုးဆိုတာသိတဲ့သူ၊တန်ဖိုးထားတတ်တဲ့သူနဲ့‌တွေ့မှသာလျှင် အရာတခုကပိုအဖိုးတန်တယ်လို့မြင်လာကြသကိုး။အဲ့တာတွေကိုမလွှင့်ပစ်ရက်ဘဲ သိမ်းထားတာကတော့ Joe ပေါ့လေ။Joeကအိမ်တော်မှာအသက်ငယ်ဆုံးအလုပ်သမားလေးဖြစ်လင့်စား Joeရဲ့စိတ်အားထက်သန်မှုကအံ့မခန်းပဲ။မိသားစုဝင်စိတ်ဓာတ်အပြည့်ရှိတဲ့အိမ်တော်ကြီးမှာ အကုန်လုံးကဖော်ဖော်ရွေရွေနဲ့ စည်းစည်းလုံးလုံးတော့ရှိကြပါရဲ့။

Joeကလသားအရွယ်လောက်ကနေစ၍ အိမ်တော်ကိုရောက်လာခဲ့တယ်။မစ္စYelenaရဲ့အချစ်တော်လည်းဖြစ်သလို တအိမ်လုံးရဲ့အချစ်ခံလေးလို့လည်းသတ်မှတ်ခံရသည်ကိုး။

Joeကစာရွက်တစ်ရွက်ချင်းကိုသူ့ရဲ့လက်ညိုး‌သေးသေးလေးနဲ့လက်မကိုသုံး၍လှန်လိုက်တယ်။အနှေးနဲ့အမြန်တင် စာအုပ်တစ်အုပ်ဟာပြီးဆုံးသွားခဲ့တာမို့ Jeremiah ကခေါင်းလေးရမ်းရင်း ပြုံးလို့။

"မြန်လိုက်တာ "

"စာ‌ထဲကအကြောင်းအရာတွေကိုနားမှမလည်သေးတာ Jeremiah ကျွန်တော်စာအုပ်တွေကိုဖတ်ရတာထက် ဒီအတိုင်းတရွက်ပြီးတရွက်လှန်ရတာကိုပိုသဘောကျတယ် "

Joeက အပေါ်သွားလေးကလေဝင်နေသယောင်ကျိုးနေခဲ့တာမို့ စကားပြောလိုက်တိုင်းလည်း သူ့လက်နဲ့သူရှက်ရွံဖွယ်အုပ်လိုက်သေးတယ်။

"Jeremiah သိလား လူတွေကအသက်ကြီးလာရင်ဘာလို့ရုပ်ဆိုးလာကြတာလဲဟင် "

Born To DieDonde viven las historias. Descúbrelo ahora