CHAPTER V.

70 7 0
                                    


I said life,he said love .

နယ်မြို့ငယ်ကနေ မော်စကိုကိုစရောက်တော့ ပြဇာတ်ရုံမှာမှီကပ်နေဖို့ Marina တောင်း‌ဆိုတုန်းက ပြဇာတ်ရုံမှူး Nathan အတွက်အခက်တွေ့စရာပေါ့။Nathan က Marina ရဲ့အလှကိုမှီခိုပြီးပြဇာတ်ရုံကနာမည်ကြီးလာရတာကိုး။သူ့လက်ထဲကငွေဒင်္ဂါးပြားအမြောက်အများကလည်း Marina ရဲ့တကုတ်တခဲကြိုးပမ်းမှုတွေရဲ့ရလာဒ်အသွယ်သွယ်ကြောင့်မို့ သူ့မှာငြင်းရခက်၊ခေါင်းညိတ်ရခက်ကြီးလေ။

Marina က ကလေးတယောက်လက်ကိုဆွဲ၊အထုတ်တထုတ်နဲ့ ကြည့်ရသလောက်အဆင်ပြေချောမွေ့မှုမရှိသည့်အပြင် မော်စကိုမှာပျံ့နေတဲ့ကောလဟောလတွေကတစွန်းတစတော့မှန်ကန်နေပေသည်။

Nathan ရဲ့ဇနီးဖြစ်သူက Marina တို့သားအမိကိုလက်မခံဖို့ပွားနေချိန်၊ပြဇာတ်ရုံကိုရံဖန်ရံခါမှရောက်လာတတ်တဲ့ Melor နဲ့စတွေ့တော့တာပဲ။အသက်လတ်ပိုင်းအရွယ်ရောက်နေပြီဖြစ်တဲ့Melorက သူ့ရဲ့ဆေးလိပ်တံကိုခဲရင်းပြဇာတ်ရုံရှေ့ကိုရောက်လာပြန်တယ်။အကြောင်းရင်းကား ခပ်ရှင်းရှင်းပါပဲ။Melorက မှူးမတ်ကြီးရဲ့သမီးတော် Yelena နဲ့လက်ထပ်ပြီးနောက်သူသဘောကျနှစ်ခြိုက်တဲ့အမျိုးသမီးငယ်ကိုထပ်တွေ့ရဖို့အခွင့်အရေးကလည်းမရှိသလောက် နည်းပါးလာတယ်။

Marina ရဲ့ရူးမိုက်ခြင်းဆိုသော ခေါင်းစဉ်တခုရဲ့အောက်မှာ Melor ကစုတ်တချက်သတ်ရင်း စိတ်ပျက်မှုကိုလှစ်ဟာပြလိုက်တယ်။အကြောင်းအရင်းကား Marina ချစ်ကြိုက်လေတဲ့အမျိုးသားက တပါးသူရဲ့ခင်ပွန်း၊တရားရုံးမှာအမှုထမ်းနေတဲ့ ရှေ့နေကြီး Vasaya ဖြစ်နေတာပဲ။Saint Petersburg ကဇနီးသည်ကိုဖောက်ပြားခဲ့တဲ့ Vasaya ကသူ့ရဲ့အမှားအယွင်းအတွက်ရှက်ရွံ့စွာ လူ့အသိုင်းအဝိုင်းမှာကျင်လည်ခဲ့တယ်ဆို၊Marinaကတော့သူမရဲ့အချစ်အတွက် ပြောင်တင်း၊ရဲတင်းတဲ့မိန်းမမျိုးလို့ မြင်လာကြတယ်။လူ့ဘောင်မှာ အမှားများတာကမိန်းမတွေလို့ဆိုလာကြခြင်းဟာ ဘက်လိုက်ခြင်းတွေပဲ။

တရားရုံးမှာအဆိုပြုကြတဲ့ ဥပ‌ဒေအသစ်အရ Vasaya က Marina တို့သားအမိကို ချန်လပ်ခဲ့တော့တာပေါ့။Vasayaက တခဏမျှစိတ်သက်သာမှုရအောင်ရှုပ်‌ပွေခြင်းပြုခဲ့သော်ငြား၊Marinaအတွက်တော့တကြိမ်၊တခါမျှကြုံရခဲတဲ့ အချစ်နဲ့နဖူးတွေ့ဒူးတွေ့ တွေ့ခဲ့ရသည်ကိုး။

Born To DieWhere stories live. Discover now