Chapter 21

338 57 6
                                    

ဝမ်ကျင်းရဲ့ ကျေးဇူးကြောင့် "Holiday Saturday" သည် ရက်အနည်းငယ်အတွင်း ထုတ်လွှင့်ပြသဖို့ အမျှော်လင့်ဆုံးသော ရှိုးဖြစ်လာခဲ့သည်

"ဖျော်ဖြေရေးနယ်ပယ်မှာ အမြင့်မားဆုံးပန်းပွင့်" လို့ နာမည်ပေးခံရတဲ့ ဝမ်ကျင်းဟာ လက်တွေ့ရှိုးမှာ ဘယ်လိုပါဝင်လာမလဲဆိုတာကို လူအများက သိချင်နေကြတယ်

ထိုလူများထဲတွင် ဝမ်ကျင်းရဲ့ရုပ်ရှင်ပရိသတ်များနှင့် လမ်းသွားလမ်းလာ ပရိသတ်များသာမက စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုသူများလည်း ပါဝင်သည်

Variety showရဲ့တရားဝင် Weibo သည် နေ့တိုင်းကြော်ငြာတိုများကို ပို့စ်တင်လေ့ရှိပြီး အင်တာနက်သုံးစွဲသူများ စိတ်ဝင်စားသွားစေသည်

အားလုံးစောင့်မျှော်နေကြတဲ့ "Holiday Saturday" ရဲ့ တရားဝင်ရိုက်ကူးရေးက နောက်ဆုံးတော့ ရောက်လာပါပြီ

စနေနေ့ဆိုတာ သာမန်အလုပ်သမားများအတွက် အားလပ်ရက်အစပေမယ့် ရွမ်ကျင်းဟုန် အလုပ်ပြန်စသည့် ပထမဆုံးနေ့ဖြစ်ခဲ့သည်

ဤသည်မှာ အစစ်အမှန်ရှိုးဖြစ်ပြီး၊ ကြည့်ရှုသူများရှေ့တွင် စစ်မှန်ဆုံးသောဘက်ခြမ်းကို ပြသရန် ရည်ရွယ်ထားသောကြောင့် မန်နေဂျာ
ရှန်းယန်က အတူမလိုက်နိုင်ပေ

ရွမ်ကျင်းဟုန်က ရှန်းယန်မပါဘဲ အရေးကြီးသောအလုပ်တွင် တစ်ယောက်တည်းပါဝင်ဆောင်ရွက်သည့် ပထမဆုံးအကြိမ်ဖြစ်သည်

အဘွားကြီး ရှန်းယန်က ဒီကိစ္စကို စိတ်ပူနေတာကြောင့် ရှိုးမစခင် တစ်ရက်အလိုမှာ ရွမ်ကျင်းဟုန်ရဲ့အိမ်ကို အမြန်ပြေးလာပြီး ကြိုတင်ကာကွယ်မှုတွေကို ငါးနာရီကြာအောင် ရှင်းပြခဲ့တယ်

"အခြားဧည့်သည်တွေက မင်းရဲ့စီနီယာဆရာတွေမို့ မင်းယဉ်ကျေးရမယ် "

"ကင်မရာကို မျက်နှာမူပြီး သင့်တင့်လျောက်ပတ်သော အပြုံးကို အမြဲထိန်းသိမ်းထားရန်နှင့် ပရိုဂရမ်အဖွဲ့၏ အလုပ်တွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမယ် "

"အငယ်တန်းတစ်ယောက်အနေနဲ့၊ မင်းဟာ ဘယ်တာဝန်ကိုမဆို ပြီးမြောက်အောင် လုံ့လဝီရိယရှိရမယ် "

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now