Chapter 17

291 47 10
                                    

ရွမ်ကျင်းဟုန်က ချောကလက်ထပ်စားချင်သော်လည်း ဝမ်ကျင်းက သူမကို တားလိုက်သည်

"မကြာခင် အစားအသောက်တွေ စားတော့မှာ အိမ်ပြန်ရောက်မှ ထပ်စားလို့ရတယ်"

ရွမ်ကျင်းဟုန် နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်
သိပ်မကြာခင်မှာပဲ စားပွဲထိုးက ဟင်းလျာတွေကိုယူလာပေးတယ်

မက်မွန်သီးစွပ်ပြုတ်ကို ကြွေအိုးတစ်လုံးတွင် တည်ခင်းထားပြီး  အလွန်ကြီးမားသဖြင့် ဧည့်သည်များ ကြိုက်သလောက် ယူစားနိုင်သည်
တရုတ်ဇီးသီးနှင့် မက်မွန်စေ့များကို ၎င်းပေါ်တွင် အလှဆင်ထားပြီး အရောင်များ အလွန်တောက်ပနေတယ်။ ကြည့်လိုက်ရုံနဲ့ လူတွေ ခံတွင်းတွေ့စေလိမ့်မည်

အငယ်တစ်ယောက်အနေဖြင့် ရွမ်ကျင်းဟုန်က ဤတစ်ကြိမ်တွင် ဝမ်ကျင်း အတွက် ပန်းကန်လုံးတစ်လုံးကို ဉာဏ်ရည်ထက်မြက်စွာ ယူပေးခဲ့သည်

ပန်းကန်လုံးကို ဝမ်ကျင်းအား ပေးပြီးနောက် တောက်ပသော မျက်လုံးများကို မမှိတ်ဘဲ အိုးငယ်လေးကို စိုက်ကြည့်လိုက်သည်

ဝမ်ကျင်းက စွပ်ပြုတ်တစ်ဇွန်းကို ပါးစပ်ထဲသို့
ထည့်လိုက်ပြီး ပျော်ရွှင်သောအကြည့်ဖြင့် အနည်းငယ်ချဲ့ကားကာ " ကောင်းတယ်၊ ကိုယ်
တိုင်စားကြည့်လိုက် "

အသေးလေးရဲ့ လောဘကြီးနေတဲ့အသွင်အပြင်က တကယ်ကို ချစ်စရာကောင်းတယ်
ဝမ်ကျင်း စားနေသည်ကို မြင်လိုက်ရသည်နှင့်
ရွမ်ကျင်းဟုန်က မယဉ်ကျေးတော့ဘဲ သူ့ကိုယ်သူအတွက် ပန်းကန်လုံးကြီးတစ်လုံးဖြည့်ပြီး ဇွန်း
ဖြင့်ခပ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်

အရသာက  ချိုမြိန်ပြီး တရုတ်ဇီးသီးရဲ့ အနံ့က ပြင်းပြီး တကယ်ကောင်းတယ်

မကြာသေးမီက ဗိုက်မဆာဘူးလို့ ပြောခဲ့တာကို သူမ လုံးဝ မေ့သွားခဲ့တယ်

အခြားဟင်းလျာများလည်း ရောက်လာခဲ့ပြီးအလွန်အရသာရှိလှသည်

ဝမ်ကျင်းက သူမအားလပ်ချိန်တွင် ဤစားသောက်ဆိုင်သို့ မကြာခဏလာရောက်လေ့ရှိပြီး ဆိုင်ရှိ အစားအစာများရဲ့ အရသာကို အလွန်နှစ်သက်သည်

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now