Chapter 11

296 46 4
                                    

မနက်ခင်း နေရောင်ခြည်ကပြတင်းပေါက်မှတ
ဆင့် အခန်းထဲသို့ကျရောက်နေတယ်၊တစ်ညတာ ကောင်းကောင်းအိပ်စက်အနားယူပြီးတဲ့နောက်မှာ ရွမ်ကျင်းဟုန်ရဲ့ အအေးမိခြင်းနှင့်ခေါင်းကိုက်ခြင်းတို့က သက်သာနေပြီး ဤအချိန်မှာ အနည်းငယ်အားနည်းခြင်းမှလွဲ၍ အခြားသောမသက်မသာဖြစ်တဲ့ လက္ခဏာများပျောက်ကွယ်သွားပြီဖြစ်သည်။

ရွမ်ကျင်းဟုန်က မျက်လုံးများကိုမှိတ်ထားပြီး ကုတင်ပေါ်တွင်နှစ်ခါလောက်လူးလှိမ့်လိုက်ကာ အိပ်ရာထရန် ကုတင်စွန်းကို လက်ဆန့်ထုတ်လိုက်သည်

'ကုတင်စွန်းက ဘယ်မှာလဲ?အိပ်ရာက ဘာလို့ရုတ်တရက် ကြီးလာတာလဲ!!!'

ရွမ်ကျင်းဟုန်က အိပ်ငိုက်နေသောမျက်လုံးများကို ပွတ်သပ်လိုက်ပြီး သူမနှင့် မရင်းနှီးတဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်ကာ
'ငါဒီကို ဘယ်လိုရောက်လာတာလဲ ?'

မနက်ခင်းတွင်လုံးဝမနိုးထသေးတဲ့ ဦးနှောက်
ဆဲလ်များကို စုစည်းပြီးမနေ့ညက အရာအာလုံးကိုပြန်သတိရစေတယ်၊ မနေ့ညက ကျောင်းအခမ်းအနားမှာ ရုတ်တရက်ဖျားသွားပြီး ဝမ်ကျင်းနဲ့အိမ်ပြန်လာခဲ့တယ်၊ သူမကတစ်စုံတစ်ယောက်ရဲ့ အိမ်မှာညအိပ်ရုံသာမက
ထိုတစ်စုံတစ်ယောက်ရဲ့ ရင်ဘက်တွင်လည်း မျက်နှာအပ်ထားမိသေးတယ် (╥﹏╥)

ရွမ်ကျင်းဟုန်က ဝတ်ထားတဲ့ပန်းရောင်ချည်သားဝတ်စုံကို ကြည့်လိုက်တယ်။သူမမနေ့ကဝတ်ထားတဲ့အဝတ်အစားတွေကို ရေချိုးခန်းထဲမှာလျှော်ထားခဲ့သည်
ပျော့အိနေသော ခေါင်းအုံးမှာ မျက်နှာကိုမြှပ်နှံလိုက်ပြီး နူးညံ့သောအထိအတွေ့က မနေ့ညက ရှက်စရာကောင်းသောမြင်ကွင်းအချို့ကို ပြန်သတိရလာစေသည်

သူမရဲ့ကံကြမ္မာကိုလက်ခံလိုက်ပြီး ရေချိုးခန်းထဲသို့ဝင်သွားလိုက်ပြီး ရေအေးကို မျက်နှာပေါ်
လောင်းလိုက်ပြီးနောက် သူမအပြည့်အဝနိုးထသွားပြီဖြစ်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ကျင်းရဲ့ကျေးဇူးကြောင့် မနေ့ကဖျားနာတာကသက်သာခဲ့တာ နည်းနည်းရှက်ဖို့ကောင်းပေမယ့် မပြန်ခင်အိမ်ရှင်ကိုကျေးဇူးတင်သင့်တယ်

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now