Chapter 12

297 42 7
                                    

ရွမ်ကျင်းဟုန်က စားပွဲတစ်ဖက်တွင် သပ်သပ်ရပ်ရပ် စားသောက်နေသော ဝမ်ကျင်းကို ကြည့်လိုက်ကာ  ထိုအချိန်မှပင် သူမ၏အလွဲအချော်များကိုသတိထားမိသွားပြီး
'ဝမ်လောင်ရှီး က ဒီအချိန်မှာ ငါ့ကိုအရမ်းဆိုးတယ်လို့ထင်ပြီး တစ်ခုခုလုပ်မှာပဲလို့ တွေးနေလိမ့်မယ်ထင်တယ် '

"ဝမ်လောင်ရှီး မနက်စာအတွက် ကျေးဇူးတင်ပါတယ်၊ အရမ်းအရသာရှိတယ်။ မနက်စာစားပြီးရင် ပန်းကန်တွေကို ဆေးပေးပါမယ် "

ဝမ်ကျင်းကနောက်ဆုံးအရွက်သုတ်ကို မျိုချလိုက်ပြီး "ပန်းကန်ဆေးစက် ရှိတယ်" ဟုပြောလိုက်သည်

"ဒါဆို စားပွဲရှင်းရမလား"

"ကောင်းပြီ"   တစ်ရှူးကို ထုတ်ကာ လက်ချောင်းများကို သုတ်ပြီး စားပွဲမှ ထလိုက်ကာ ဆိုဖာပေါ်တွင်မဂ္ဂဇင်းကို လှန်ကြည့်နေလိုက်သည်

'မနေ့ကနဲ့ အတူတူပါပဲ  အဲဒီမဂ္ဂဇင်းက ကောင်းလို့လား '

ရွမ်ကျင်းဟုန်က ထမင်းစား စားပွဲပေါ်မှ သူမကို စူးစိုက်ကြည့်နေပြန်သည်။  အခုလေးတင် သူတို့နှစ်ယောက် ထမင်းစားပြီးကာစားပွဲပေါ်တွင် ပန်းကန်အလွတ်သုံးလုံးသာရှိသည်..။ တကယ်က သန့်ရှင်းရေးလုပ်ရန် သိပ်မရှိလှပါ

မူလက လုံ့လစိုက်ထုတ်ချင်သော်လည်းပန်းကန်ပြားသုံးချပ်ကို  တစ်ကြိမ်တည်း စုစည်းကာ စားပွဲကို ရေစိုပုဝါတစ်ထည်ဖြင့်သုတ်ပြီး ပန်းကန်ပြားများကို သယ်ဆောင်သွားခဲ့သည်

ရွမ်ကျင်းဟုန် မီးဖိုချောင်သို့ရောက်သောအခါ  ပန်းကန်ဆေးစက်ကို ချက်ချင်းတွေ့လိုက်ရသည်။၎င်းသည် အလွန်အသစ်အဆန်းဖြစ်ပြီး  မည်သို့အသုံးပြုရမည်ကို သူမမသိပေ

ရွမ်ကျင်းဟုန် သူမ၏ ကျွမ်းကျင်မှုကို အသုံးပြုရန်ရေပိုက်ခေါင်းကိုဖွင့်ကာကြွေပန်းကန်သုံးလုံးကို သူမ၏လက်ဖြင့် သေချာဆေးကြောပြီး နောက်ဆုံးတွင် ပန်းကန်တစ်ခုစီသည် အလွန်တောက်ပနေသဖြင့် မှန်အဖြစ်တောင်သုံးနိုင်လောက်တယ်

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now