Chapter 19

283 44 4
                                    

ရှန်းယန်ရဲ့ ဖုန်းခေါ်ဆိုမှုကြောင့် ရွမ်ကျင်းဟုန် နိုးလာခဲ့တယ်။ ဖုန်းကို ကောက်ကိုင်လိုက်ကာ မျက်လုံးကို ပွတ်သပ်ရင်း "အမယန် ဒီနေ့ ငါ့အားလပ်ရက်ရှိသေးတယ်လို့ ပြောထားတယ်မဟုတ်ဘူးလား။ ရှစ်နာရီတောင်မကျော်သေးဘူးလေ..... "

"ရှောင်ရွမ် ခေတ်စားနေတဲ့ ရှာဖွေမှုတွေကို ကြည့်လိုက်၊ မင်းနာမည်ကြီးလာတော့မယ်၊တရားဝင်ဘလော့ဂ်ကpostကို ပြန်တင်ဖို့ မမေ့နဲ့ " ရှန်းယန်ပြောလိုက်သည်

' ဘာလဲ? '

ရွမ်ကျင်းဟုန် Weibo ကို နာခံမှုရှိရှိ ဖွင့်ကြည့်ရာ နံနက်စောစောတွင် ရှေ့ဆုံးတန်း၌ "Hot" နှစ်ခုတွဲထားသည်ကို တွေ့လိုက်ရသည်

တစ်ခုက #HolidaySaturdayFullCastGathering ဖြစ်ပြီး နောက်တစ်ခုကတော့ #WenJinRuanJingHongRumoredPublicAffair

'ပထမတစ်ခုက နားလည်လွယ်ပေမယ့် ဒုတိယတစ်ခုကဘာလဲ ?? '

ရွမ်ကျင်းဟုန် ပထမဆုံး ခေတ်စားနေသော ရှာဖွေမှုသို့  ကလစ်နှိပ်ခဲ့ပြီး သူမ၏ Weibo ကို တရားဝင် ဘလော့ဂ်မှ tagလုပ်ထားသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက် အောက်ရှိ မှတ်ချက်များကို စတင်ရှာဖွေကြည့်လိုက်တယ်

[အမိုက်စား၊ ပရိုဂရမ်အဖွဲ့က တကယ်ကြီး
ဝမ်ကျင်းကို ခြောက်ယောက်ထဲမှာ ဖိတ်ခေါ်လိုက်တာပဲ ]

[ငါမှတ်မိသလောက်ဆိုရင် ဝမ်ကျင်းက variety show မပါဝင်ခဲ့တာ ငါးနှစ်ရှိပြီ၊ ဒါပေမယ့် သူမ ယခုတစ်ကြိမ်တွင် ရုတ်တရက်ကြီး ပါဝင်လာတယ်၊မသိသေးတဲ့နောက်ကွယ်ကဇာတ်လမ်းတွေရှိလား?? ]

[နောက်ကွယ်ကဇာတ်လမ်းဖြစ်တဲ့ ဤအကြောင်းအရာကို သင်ကြည့်ရှုနိုင်ပြီ #WenJinRuanJingHongRumoredPublicAffair]

ရွမ်ကျင်းဟုန် မူလက အခြားမှတ်ချက်များကို ရှာဖွေလိုသော်လည်း  သူမ အဆိုပါနေရာကို တိုက်ရိုက်နှိပ်လိုက်သည် ။* အသစ်ဝင်ရောက်မှု*

#WenJinRuanJingHongRumoredPublicAffair အောက်တွင်ဖော်ပြထားသောမှတ်ချက်များသည် ပိုမိုမြန်ဆန်လာပြီး ယခင်ဝင်ရောက်မှုအောက်ရှိ မှတ်ချက်များကဲ့သို့ သန့်ရှင်းမှုမရှိသည့်အပြင် အမျိုးမျိုးသောအသံများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now