အပိုင်း ၇၄ [ အိမ်မက် ] (20)

Start from the beginning
                                    

စုန့်ချင်းလော်‌ကမေးလိုက်တယ် : "အဲ့ဘက်မှာပိုင်လုကျယ်ရှိလား?"

လီစူး : "........ငါတကယ်နိုးလာပြီလား?"

စုန့်ချင်းလော် : "နိုးလာပြီ"

လီစူးဆီကအသံထွက်မလာတော့

လူတိုင်းလွတ်မြောက်ရန်ခက်သည့်အိမ်မက်ရဲ့နောက်ဆက်တွဲမှန်းစုန့်ချင်းလော်သိနေသည်။‌ဒီလိုအခြေအနေကနေကြိုးစားပြီးထွက်လာရရင်ကိုအဆင်ပြေသည်။လီစူးကတော်တော်ကြာစကားမပြော အရမ်းကြာနေတာကြောင့်သူထပ်အိပ်ပျော်သွားပြီလို့တောင်လင်ပန့်ရှထင်တော့မှနူးညံ့အားဖျော့သည့်အသံတစ်သံထွက်လာသည် : "လီယဲ့မသေဘူးမလား?"

စုန့်ချင်းလော်ကတည်ငြိမ်စွာဆိုသည် : "မသေဘူးထင်တာပဲ"

လီစူး : "ဟုတ်ပြီ ငါပိုင်လုကျယ်ဘက်ကိုသွားကြည့်လိုက်မယ်"ထို့နောက်အင်္ကျီဝတ်နေသံကိုကြားလိုက်ရသည် "ခဏနေရင်မင်းကိုပြန်ဆက်ပေးမယ်"

စုန့်ချင်းလော်ကကောင်းပြီလို့ပြောလိုက်တယ်

ပြတင်းပေါက်အပြင်ဘက်ကိုလင်ပန့်ရှလှည့်ကြည့်လိုက်သည်။ရွာနေသည့်မိုးဟာရပ်သွားပြီဖြစ်သည်။ကောင်းကင်ဟာကြည်လင်သွားပြီးတိမ်နောက်တွင်လတစ်စင်းရှိနေလျက်ဝိုးတဝါးဖြင့်တစ်ပိုင်းတစ်စပေါ်နေ၏။ဒါပေမဲ့အိမ်မက်ထဲကလိုအေးစက်မရိုးစင်းပုံမဟုတ်ပဲ လင်ပန့်ရှကိုတည်ငြိမ်စေသည်။

ဖြေရှင်းရန်ကိစ္စများစွာရှိနေသေးပေမဲ့အနည်းဆုံးတော့ထွက်လာပြီးပြီ

ကျန်တဲ့ညမှာနှစ်ယောက်လုံးအိပ်မပျော်တော့ စုန့်ချင်းလော်ကလီစူးရဲ့ဖုန်းကိုစောင့်နေပြီးလင်ပန့်ရှကတော့ရှောင်ဟွားကိုဖက်ထားသည်။ကုလားထိုင်ပေါ်မှာမှီနေရင်းခဏလောက်အနားယူနေသည်။လျှို့ဝှက်သဘောတူညီချက်ဖြင့်နှစ်ယောက်သားအတူမှီထားကာမိုးသောက်ကိုကြိုဆိုနေသည်။

ကြည်လင်သည့်ရေငွေ့သံနှင့်နောက်ဆုံးဘူတာရုံကိုတဖြေးဖြေးမောင်းနှင်နေသည်။

ခရီးဆောင်အိတ်ကိုဆွဲရင်းလင်ပန့်ရှနှင့်စုန့်ချင်းလော်တို့ရထားပေါ်မှဆင်းလာကြသည်။ရထားပေါ်ကဆင်းချိန်မှာမြင်ကွင်းအရမ်းရင်းနှီးနေတယ်လို့လင်ပန့်ရှခံစားရတယ် သေချာစဉ်းစားကြည့်တော့ အိမ်မက်ထဲမှာတစ်ခေါက်ဖြစ်ဖူးတယ်ဆိုတာသတိရလိုက်တယ် အရင်တစ်ခေါက်ကပိုင်လုကျယ်ကသူတို့ကိုကြိုနေတယ် ဒီတစ်ခေါက်တော့ သူတို့ကိုလာကြိုတဲ့လူကလီစူးနဲ့လီယဲ့ပြောင်းသွားတာလေးပဲ

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now