"သား သူများကိုအဲ့လိုမပြောရဘူးလေ မာမီမကြိုက်ဘူးနော် နောက်ပြီးထူးသာက သားခုလိုပြောရလောက်တဲ့အထိ ညံ့ဖျင်းနေတဲ့ကလေးမဟုတ်ဘူး သူ့ဘဝကိုသူကြိုးစားနေတဲ့လူတစ်ယောက် မင်းအဲ့လိုတော့မပြောသင့်ဘူး"
"မာမီ"
မိုးသက်ဝေမှာ ဝုန်းခနဲထရပ်ကာ သူရနေဝန်းစကားကို ချက်ချင်းပြန်ချေပလိုက်ချိန် တစ်အိမ်လုံးက သူ့ကိုကြောင်ကြည့်နေလေ၏။
အမြဲလိုလိုခပ်အေးအေးသာနေတက်သည့် ဒေါ်မိသက်ဝေမှ အသံကျယ်ကျယ်ဖြင့် ဒေါသသံစွတ်၍ပြောူည်မို့ အကုန်အံ့ဩကုန်ကြသည်။
"မာမီပြောတာဘာမှားလို့လဲ ဒီမှာသား မင်းဘက်ကသာ
ခိုင့်ကိုချစ်တာပဲရှိတာ ခိုင့်ကိုမင်းမပိုင်ဘူး သူလည်း အပျိုတစ်ယောက် သူ့ကိုဘယ်သူမဆိုချစ်ကြိုက်ပိုင်ခွင့်ရှိတာပဲ အဓိကက သူဘယ်သူကိုချစ်လဲဆိုတာ သူရွေးချယ်လိုက်မယ် သားလည်းထူးသာပြောသလို သမီးလေးကိုရအောင်လိုက်ပေါ့"
ဒေါ်မိုးသက်ဝေစကားတို့က ခပ်အေးအေးဆိုထားငည်မှန်သော်လည်းပြတ်သားမှုတို့ပါဝင်နေသည်။
နဂိုတည်းက ထူးသာကိုမကျေမနပ်ဖြစ်နေသည့်သူ ယခုသူ့ရှေ့၌ထူးသာကိုကာကွယ်ပြောဆိုပေးနေသည့် ဒေါ်မိုးသက်ဝေကြောင့် ပို၍ စိတ်တိုလာရသည်။
"မရဘူးမာမီ ခိုင့်ကိုကျွန်တော်တစ်ယောက်ပဲချစ်ခွင့်ရှိတယ် ကျွန်တော်ကလွဲလို့ခိုင့်အနားမှာဘယ်သူမှမရှိစေရဘူး အဲ့ကောင်ကိုထောက်ပံ့နေတာတွေရပ်လိုက်တော့ ဒီလိုလူပါးဝတဲ့ကောင်ကိုဘာမှကူညီနေစရာမလိုဘူး။"
ဒေါ်မိုးသက်ဝေမှာ ထိုစကားကြောင့် စိတ်အညစ်ကြီးညစ်ကာ မျက်နှာပျက်ကျ၍ ထိုင်ခုံပေါ်ပြန်ထိုင်လိုက်မိသည်။
ထိုပခြင်းအရာကိုမြင်နေရသော ဦးသူရလင်းမှ
"ကဲတော်ကြတော့ ဘာမဟုတ်တဲ့သူစိမ်းဝစ်ယောကါအတွက်နဲ့စကားမများကြနဲ့ သူရနေဝန်းမင်းပခန်းမင်းပြန်တော့ သက်မာတို့သွား နင့်မမကြီးအတွက် နှလုံးသည်းခြေဆေးသွားယူခဲ့ရမ်း"
"ဟုတ်ကဲ့ပါသူဌေး"
"ဒယ်ဒီသားပြောထားတယ်နော် အဲ့ကောင်ကိုဘာမှထောက်ပံ့စရာလိုဘူး"
YOU ARE READING
ဆံမြိတ်ချ လှပါပေ့.....
General Fiction"မိကြိုင် စကားပြောရင် ခေါင်းကိုမော့ထားစမ်း နောက်ပြီး အဲ့လက်တွေလိမ်ချိုးနေတာရပ် နောက်တခါ ပြူးကြောင်ကြောင်နဲ့ လိုက်ကြည့်ရင် ငါထုမှာနော်" "အ...အ....ကြိုင်....မှ ....ပြင်လို့ ....မရ....တာ ...ကိုကြီး....ထူးသာရယ်" သူ့ဆူရင် တုန်လှုပ်ကြောက်လန့်ပြီး နောက်ကျ...
part 15
Start from the beginning