"အစ်ကိုကြီး သားကိုသိပ်မဆူပါနဲ့တော့ သားလည်း ဒီတလောမျက်နှာမကောင်းဘူး သားမှလည်းသူ့စိတ်ညစ်စရာနဲ့သူဖြစ်နေလို့နေမှာပါ သား ဒီဟင်းစားမကောင်းရင် မာမီချက်ထားတဲ့ငါးဖယ်နဲ့ခရမ်းချဉ်သီးနှပ်လေး စားကြည့်လိုက်နော်"

"တော်ပါပြီး စိတ်ထဲ ဆူးခလုတ်ကြီး စိုက်နေတာ ဘာမှလည်းစားချင်စိတ်မရှ်တော့ဘူး"

ဟုဆိုကာထရပ်လိုက်သည့် သူရနေဝန်း။

သူ့ကိုအရိပ်တကြည့်ကြည့်နှင့် စိတ်‌မကောင်းစွာကြည့်နေသည့် ဒေါ်မိုးသက်ဝေနှင့် စူးစိုက်ကာ ပြန်ထိုင်ဖို့အသံတိတ်အမိန့်ပေးနေသည့် ဒယ်ဒီတို့အားမ‌ေကျမနပ်ပြန်ကြည့်ကာ

"ဒယ်ဒီနဲ့မာမီတို့ကောင်းမှုကြောင့် ကျွန်တော် တော်တော် အာရုံနောက်နေရတယ်သိလား"

"မဂ်းဘာပြောတာလဲ သူရနေဝန်း ငါတို့မင်းကိုဘာလုပ်နေလို့လဲ"

"ဒယ်ဒီတို့မလုပ်ပေးမဲ့ ဒယ်ဒီတို့ ထောက်ပံ့‌ေပးနေတဲ့ ဟိုဘုန်းကြီးကျောင်းသားဆိုတဲ့ကောင်က သူ့အဆင့်နဲ့ ကျွန်တော့ကိုလာယှဉ်ပြီး စိန်ခေါ်နေတယ်"

"ဘာ...မင်းဘယ်သူ့ကိုပြောတာလဲ ထူးသာကိုလား"

"ဟုတ်တယ် ဒယ်ဒီ"

ဦးသူရ၏နားမလည်သလိုအမေးကိုသူရနေဝန်းမှ ဘောက်ဆက်ဆက်ပြန်ဖြေသည်။

"နေပါအုံး နင်နဲ့အဲ့တစ်ယောက်အရွယ်လည်းမတူပဲနဲ့ ဘယ်လိုဖြစ်တာလဲ"

စကားနည်းသည့် သူရဆအလင်းကပါ နားမလည်သလိုဝင်မေးသည်။

သူမတို့မြင်ဖူးသည့်ထူးသာဆိုတဲ့ တစ်ယောက်က အေးအေးဆေးဆေးလေးမို့ မောင်ဖြစ်သူစကားကြောင့် နားရှုပ်သွားရသည်။

ဘုန်းကြီးကျောင်းသားလို့ပြောလိုက်ကတည်းက ရင်ထဲထိတ်သွားသော ဒေါ်မိုးသက်ဝေ ....

သူရနေဝန်းပြောလာမည့်စကားကို စိုးရိမ်တကြီးနားထောင်နေမိသည်။

"အဲ့ခွေးကောင်က ခိုင့်ကို ချစ်တယ်တဲ့လေ သူလည်း ခိုင်ကိုလိုက်မယ်တဲ့ ကျွန်တော့ကိုပါလာပြီး စိန်ခေါ်သွားတယ် မတန်မရာမှန်းတဲ့ကောင် လမ်းဘေးက အမှိုက်အဆင့်နဲ့ကောင်ကများ..."

ဆံမြိတ်ချ လှပါပေ့.....Där berättelser lever. Upptäck nu