ကျောင်းဖွင့်တဲ့နေ့မှာ ယူဂျင်းပုံမှန်ထက်စောထမိတယ် ။
အတန်းတွင်း project တစ်ခုမှာ ပါဝင်ထားရတဲ့အတွက်ကြောင့်
ဒီနေ့မနက်ခင်း စုဝေးပွဲရှိတာကို သူနောက်ကျနေလို့မဖြစ်ဘူး ။ရေမိုးချိုးသန့်စင်ရင်း ကျောင်းအင်္ကျီလဲဝတ်ပြီးတာနဲ့
ကိုယ်လုံးပေါ်မှန်ရှေ့မှာ ဝင်ရပ်လိုက်တော့
မြင်လိုက်ရတဲ့ သူ့ပုံစံက သပ်သပ်ရပ်ရပ် ။အဲ့ဒါထက် ထူးခြားနေတာက ဟန်ယူဂျင်းဆိုတဲ့သူဟာ
အရင်လိုမှုပ်ကုပ်ကုပ် ၊ သတ္တိနည်းနေတဲ့ပုံပေါ်မနေတော့ဘဲ
ပိုပြီးတက်ကြွတဲ့ပုံပေါ်လာတဲ့အပြင် ယုံကြည်ချက်ရှိနေတယ် ။ဒီလတွေအတွင်းမှာ သူဟာ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီပဲ .. ။
အကုန်ပြင်ဆင်ပြီးတာနဲ့ လွယ်အိတ်ကောက်ဆွဲပြီး
အခန်းပြင်ထွက်လာတော့ အန်တီနဲ့တွေ့တယ် ။" ယူဂျင်း ? ကျောင်းသွားတော့မလို့လား အစောကြီးပဲ
မနက်ခင်းစာ စာသွားဦးလေ .. အန်တီကော်ဖီဖျော်ပေးမယ် "" မစားတော့ဘူး အန်တီ ..
ကျွန်တော်လုပ်စရာလေးတစ်ခုရှိလို့ အစောသွားရမှာ "" အဲ့ဒါဆို အန်တီတစ်ခုခုထုပ်ပေးလိုက်မယ်လေ
ကျောင်းရောက်တော့ စားပေါ့ .. "" ရတယ် ရတယ် ..
လမ်းမှာ ကျွန်တော်ဝယ်စားလိုက်ပါ့မယ် "" အေးပါကွယ် .. အဲ့ဒါဆိုလည်း ဂရုစိုက်သွား "
" ဟုတ် .. ကျွန်တော်သွားလိုက်ဦးမယ် "
အန်တီ့ကို နှုတ်ဆတ်ပြီးတာနဲ့ ယူဂျင်းထွက်လာလိုက်တော့
ခြံရှေ့မှာ လူတစ်ယောက်က နံရံကိုမှီပြီးရပ်နေလေရဲ့ ။
ထိုလူဟာ လှည့်ကြည့်လာတဲ့ယူဂျင်းကိုမြင်တော့ ..
မျက်စိတစ်ဖက်မှိတ်ပြလာတာမို့ ယူဂျင်းရင်ထဲထိတ်ခနဲပဲ ။" ဟေ့ ကောင်ကလေး ဘယ်သွားမလို့လဲ
ကိုယ်လိုက်ပို့ပေးရမလား .. "" ကျွန်တော့်ဘာသာ သွားတတ်ပါတယ် "
" လမ်းပျောက်နေမှာစိုးရပါတယ်ကွာ
ဒီအစ်ကိုက စိတ်မချနိုင်ပါဘူး "" အဲ့ဘက်ကလူက ကျွန်တော်နဲ့သိလို့လား "
" သိတာပေါ့ .. "
![](https://img.wattpad.com/cover/358778771-288-k196225.jpg)