" စီနီယာဂယူဘင်း .. ညနေကျအားတယ်မလား
အဲ့အချိန်ကျရင် တစ်နေရာရာသွားကြရအောင်လေ "" ဒီနေ့က နည်းနည်းအဆင်မပြေဘူး "
" စီနီယာ အခုတလောအားတယ်မဟုတ်ဘူးလား .. "
" အေး .. အားတော့အားပေမယ့် လိုက်လို့မရတာ "
" ဘာလို့လဲ .. ဟိုအထက်တန်းကျောင်းသားလေးကြောင့်လား "
ဂန်ဟာနူးလ်က အဲ့ဒါကို ဘယ်လိုခန်မှန်းနိုင်တာလဲ ဂယူဘင်းမသိပေမယ့်
အသံတိတ်စိုက်ကြည့်လိုက်မိတဲ့ သူ့ပုံစံက ဂန်ဟာနူးလ်ပြောတာကို
ထောက်ခံလိုက်သလို ဖြစ်သွားတယ် ။" ဟုတ်နေတာပဲ ..
အဲ့ဒါဆိုလည်း သူ့ပါခေါ်လာခဲ့လေ
အတူတူသွားကြတာပေါ့ .. "" သူက လူကြောက်တတ်လို့ မလိုက်လောက်ဘူး "
" အားးး စီနီယာကိုယ်တိုင်က မလိုက်ချင်နေတာမို့လား
အဆင်ပြေလောက်မှာပါ တကယ်ပါပဲ .. "" ငါလည်းမပြောတတ် .. "
မင်းရဲ့ပုံစံက ဟန်ယူဂျင်းနဲ့အဆင်ပြေမှာမဟုတ်ဘူးဆိုတာကိုတော့
ဂန်ဟာနူးလ်သိအောင် ဂယူဘင်းအထူးတလည်မထုတ်ပြောလိုက်ပါ ။" နောက်တစ်ခေါက်မှပေါ့ကွာ .. "
ဂန်ဟာနူးလ်ရှေ့ကထထွက်လာလိုက်တော့ နောက်ကျောဘက်ကနေ
" Booo စီနီယာက ပျင်းစရာကြီးးး " ဆိုတဲ့ညည်းတွားသံကိုသာ
ကြားလိုက်မိပေမယ့် သက်ပြင်းချသံတစ်ခုကိုတော့
ဂယူဘင်း သတိမထားမိလိုက်ခဲ့ .. ။🐇
ညနေအတန်းပြီးသွားလို့ အိမ်ပြန်လာတဲ့လမ်းမှာ
ဂယူဘင်းနောက်ကနေလိုက်လာတဲ့ခြေလှမ်းသံကို
မကြားရတော့တာမို့ လှည့်ကြည့်လိုက်တော့
ဂယူဘင်းနဲ့ ခပ်လှမ်းလှမ်းမှာ လွယ်အိတ်ကြိုးလေးကိုင်ပြီး
ပါးစပ်လေးစိကာ ရပ်နေတဲ့ ဟန်ယူဂျင်း ။" ဟေး .. ဘာလုပ်နေတာလဲ အဲ့နားမှာ "
" ဘာမှမလုပ်ပါဘူးနော် ..
ဟန်ဝေ့ချန်ရန်က ကာကွယ်နိုင်အောင်ရပ်နေတာ "မျက်လုံးလေးလှန်ပြီးပြောလာတဲ့ ယုန်ဖောင်းလေးက
ဆွဲလိမ်ပစ်ချင်စရာကောင်းလောက်အောင် အူယားစရာ ။
ပေကပ်ကပ်ရပ်နေတဲ့ ယုန်ဖောင်းလေးနားကိုသွားမိချိန်
ပါးဖောင်းဖောင်းလေးတွေကို မလိမ်ဆွဲမိအောင်
ဂယူဘင်းစိတ်ထိန်းထားလိုက်ရတယ် ။