" ချစ်စရာလေးနော် မင်းနဲ့လိုက်သားပဲ .. "
ရယ်သံစွတ်စွတ်နဲ့ သဘောတကျရေရွတ်လိုက်တဲ့
အသံတစ်ခုရဲ့နောက်မှာ ယူဂျင်းတွေးလိုက်မိတာကတော့
ဆိုးလ်ကိုပထမဆုံးစရောက်တဲ့နေ့ကတည်းက
အကျိုးတွေနည်းပြီဆိုတာပါပဲ .. ။🐇
*ရောက်ပြီလား*
" မရောက်သေးဘူး ..
အခုမှသွားမဲ့ရထားဆီရောက်တာ "*ဟင် သားပြောတော့
ညနေခင်းလောက်ဆိုရောက်ပြီဆို
မေ့မေ့ဆီကို ဖုန်းလည်းဆက်မလာဘဲနဲ့*" အင်း .. အဲ့ဒါက
ရထားလွဲစီးမိသွားတာနဲ့ နည်းနည်းအလုပ်ရှုပ်သွားလို့ "အုံထပ်နေတဲ့လူအုပ်ကြားထဲ တိုးဝှေ့သွားရင်း
ဖုန်းပြောနေရတာ သိပ်တော့အဆင်မပြေလှဘူး ။
တကယ့်ကို ယူဂျင်းထင်ထားတဲ့အတိုင်းပါပဲ ။
မြို့ကြီးဆိုတဲ့အတိုင်း ဆိုးလ်မြို့ရဲ့ညအချိန်က
လူတွေနဲ့ပြည့်ကျပ်နေတတ်တာများ
တကယ်ကိုစိတ်ကျဥ်းကျပ်စရာကောင်းရောပဲ ။*ဘယ်လိုဖြစ်လို့ အဲ့ဒါကိုလွဲရတာတုန်း ?
မဟုတ်မှ ဟိုငရိုင်းကောင်လေးကြောင့်လို့မပြောနဲ့နော်*" မဟုတ်ပါဘူး ..
ဒီတစ်ခါကတော့ သားရဲ့အမှားပါ "*ဟင်းးး ..
မဟုတ်ရင်လည်းတော်သေးတာပေါ့ သားရယ်
တစ်ယောက်တည်းလွှတ်သာလွှတ်လိုက်ရတာ
စိတ်ကိုမချနိုင်ဘူး*ယူဂျင်းက ကလေးလေးမဟုတ်တော့ပါဘူး ။
နောက်နှစ်ကျရင် 18 ပြည့်တော့မဲ့သူပါ ။ အဲ့ဒါကြောင့်
မေမေက ယူဂျင်းကိုစိတ်အပူလွန်နေတာပဲလို့ တွေးမိပေမယ့်
တကယ်တမ်း မေ့မေ့ဆီမှာ ယူဂျင်းနဲ့ပတ်သတ်ပြီး
ပိုပူပန်ရတဲ့ကိစ္စတွေရှိတာကို သိနေရပြန်တော့
ယူဂျင်းအတွန့်ထပ်မတက်နိုင်ပြန်ဘူး ။" မေမေစိတ်မပူပါနဲ့ ..
သားသေချာဂရုစိုက်မှာပါ "*မြို့ကြီးဆိုတဲ့အတိုင်း
အန္တရာယ်များတာမို့ သေချာသတိထားဦးနော် သားလေး*
![](https://img.wattpad.com/cover/358778771-288-k196225.jpg)