6.

424 66 2
                                    

သူ့ကိုကျေးဇူးဆပ်ချင်ရင် မုန့်လိုက်ဝယ်ကျွေးပါဆိုတဲ့
အစ်ကိုဂယူဘင်းနဲ့အတူတူ ယူဂျင်း cafe တစ်ခုကို ရောက်နေတာ ။
အိမ်နဲ့လည်းသိပ်မဝေးတဲ့ cafe လေးက ..
အပြင်ပိုင်းအပြင်အဆင်လေးကလည်း ချစ်စရာကောင်းသလောက်
အတွင်းပိုင်းလေထုက အရမ်းကိုနွေးထွေးပြီး ချိုမြိန်နေပုံရတာမို့
ယူဂျင်းဖြင့် တိတ်တိတ်လေးသဘောကျနေမိတာ ။
နောက်တစ်ကြိမ်လည်း လာဦးမယ်လို့ပါ
စိတ်ထဲကနေ တွေးနေမိလိုက်သေး ။

မကြာပါ ။ သူတို့ထိုင်နေတဲ့ဝိုင်းကို
အော်ဒါမှာထားတဲ့ အအေးတွေရောက်လာတော့
ဆိုင်ကိုစပ်စပ်စုစုလိုက်ကြည့်နေတဲ့ ယုန်လေးရဲ့ခေါင်းက
ပြန်လှည့်လာတယ် ။ အော်ဒါမှာထားတဲ့ထဲ
ရေခဲမုန့်တွေနဲ့ပြည့်နေတဲ့ ပန်းကန်လုံးလေးတစ်ခုပါလာမို့
ယူဂျင်းခေါင်းမှာ ထွက်မနေတဲ့ ယုန်နားရွက်ကလေးတွေ
ဆတ်ခနဲထောင်သွားသလိုမျိုး စူးစမ်းမိသွားတာ ။

vanilla flavor နဲ့ရေခဲမုန့်သားအပေါ်မှာ mascarpone cream အုံ ၊
စတော်ဘယ်ရီသီးလေးတွေ topping ထည့်ထားတဲ့အပြင်
အပေါ်ကပါ strawberry sauce စမ်းထားတဲ့ပုံစံနဲ့
စားချင်စဖွယ်ဖြစ်နေတဲ့ရေခဲမုန့်ပန်းကန်လေး ။
ရောက်လာသမျှက အစ်ကိုဂယူဘင်းမှာပေးထားတာတွေဖြစ်ပြီး
ဒီတစ်ခုကတော့ အတော်ချိုမြိန်နေပုံပေါ်တာမို့
ယူဂျင်းရဲ့မျက်လုံးတွေက ဘလင်းလင်း ။

" ကျွန်တော် ဒါကိုစားလို့ရလား .. "

" ရတာပေါ့ .. "

ဂယူဘင်းရဲ့ခွင့်ပြုချက်ကိုရပေမယ့် ယူဂျင်းက
ရေခဲမုန့်ကိုစားရမဲ့အစား အရင်ဦးဆုံးဓါတ်ပုံရိုက်တယ် ။
ဂယူဘင်းကတော့ ယူဂျင်းလုပ်သမျှ သဘောတွေကျကာ
ထိုင်ကြည့်နေမိတော့တာပဲ ။

ဟန်ယူဂျင်းက တကယ်ဘာလုပ်လုပ်ချစ်စရာကောင်းနေတော့တာ

ဓါတ်ပုံရိုက်တဲ့အမှုပြီးမှ ရေခဲမုန့်ကိုဇွန်းနဲ့တစ်ချက်ကော်က
ပါးစပ်ထဲထည့်တယ် ။ ယုန်ကလေးတွေအစာစားသလို
နှုတ်ခမ်းလေးတစ်လှုပ်လှုပ်နဲ့ တမြုံ့မြုံ့နဲ့အရသာခံနေတဲ့အပြင်
ရေခဲမုန့်ရဲ့ ချိုတဲ့အရသာကြောင့် မျက်လုံးလေးတွေကလတ်လို့ ။

rabbit-coloured jealousyحيث تعيش القصص. اكتشف الآن