8.

300 69 2
                                    

ယူဂျင်းနဲ့ တစ်နေကုန်လျှောက်လည်နေခဲ့တုန်းကအကောင်း ။
ဒါပေမယ့် .. အိမ်ရောက်တာနဲ့ ပြသနာကစတယ် ။
ဘယ်သူစတာလဲဆို ယူဂျင်းခန္ဓာကိုယ်နဲ့ ဟန်ဝေ့ချန် ။

" ဟေးး ကိုကိုပြောတာကိုနားထောင် "

" ဘာလို့လဲ .. ဒါဆုချတဲ့အချိန်ပဲကို "

လဲကျနေတဲ့ဂယူဘင်းအပေါ် အုပ်မိုးထားတဲ့
ဟန့်ဝေ့ချန်ရဲ့မျက်နှာက စူပုတ်ပုတ် ။
စူပုတ်နေရတဲ့ အကြောင်းအရင်းက
ဂယူဘင်းက သူ့ကိုဆုမပေးလို့ပါတဲ့ ။

ဂယူဘင်းဘက်ကလည်း ဒီတစ်ခါတော့
အလိုလိုက်ဖို့ စိတ်ကူးမရှိပါ ။
ဘာကြောင့်လဲဆို ကာရာအိုကေခန်းမှာတုန်းက
ဟန်ဝေ့ချန်ရဲ့ရုတ်တရက်ထွက်ပေါ်လာမှုကြောင့်
ဒီယုန်ဝိဉာဥ်လေးကို ဆူမှဖြစ်မယ်လို့ တွေးမိတာမို့ ။

သူ့ပေါ်ကနေအုပ်မိုးထားတဲ့ ဟန်ဝေ့ချန်ရဲ့ပုခုံးကိုဆုပ်ကိုင်လို့
ဂယူဘင်းလဲကျနေရာကနေ ထထိုင်လိုက်မိတယ် ။

" ယူဂျင်းနီးလိုမဟုတ်ဘဲ မင်းကလေ
ကိုကိုမင်းကိုအလိုက်လိုက်တာနဲ့ ဆိုးနေရောပဲ "

" ဟွန် ဘာလို့လဲ ..
ယူဂျင်းရဲ့ခန္ဓာကိုယ်ကို ချန်ချန်မယူဝူးလေ "

" ဒါပေမယ့် ဒီနေ့ကာရာအိုကေခန်းမှာ
ချန်ချန်ထွက်လာတယ်မဟုတ်ဘူးလား ?
အိမ်ပြန်မရောက်ခင်ထွက်မလာရဘူးလို့
ကိုကိုတို့ သဘောတူညီမှုယူထားကြတာလေ
ချန်ချန်က ကတိမတည်တာမဟုတ်ဘူးလား "

" ကိုကိုကလည်း သီချင်းလေးခဏထွက်ဆိုတာလေးကို
လုပ်ပါ လုပ်ပါ ချန်ချန့်ကို အနမ်းလေး ဆုချ "

ဟန်ဝေ့ချန်က သူဆူနေတာကိုအဖက်မလုပ်သလိုနဲ့
မျက်နှာကပြုံးစိစိ ငပြောင်ပင်လာလုပ်နေသေးတယ် ။
ဒါပေမယ့် ဂယူဘင်းသာအလိုလိုက်မိရင် ..
နောက်တစ်ခါတွေဆို ပိုဆိုးနေမှာစိုးတာမို့ ။

" မ ရ ဘူး "

" နမ်းပါဆို .. "

" ချန်ချန်က ဘာလို့အနမ်းခံချင်နေတာတုန်း "

" ကိုကိုနဲ့နမ်းရမှာ ချန်ချန်ပျော်လို့လေ "

စိတ်ရှုပ်ရှုပ်နဲ့ ဂယူဘင်းတစ်ယောက်
ကိုယ့်မျက်နှာကို ပွတ်သပ်လိုက်မိတယ် ။
ဟန်ဝေ့ချန်ကတော့ အိမ်မွေးယုန်စိတ်လေးနဲ့ပြောနေတာပဲ
ဒါပေမယ့် ယူဂျင်းခန္ဓာကိုယ်နဲ့ကျ တစ်မျိုးပဲမို့လား ။
မသိရင် ဟန်ဝေ့ချန်ကို ခုတုံးလုပ်ပြီး ..
ယူဂျင်းကို သူအခွင့်အရေးယူမိသလိုဖြစ်နေမှာပေါ့ ။
ပြီးတော့ ယူဂျင်းကို သူကတိပေးထားတာလည်းရှိသေးတယ် ။
အဲ့ဒါကြောင့် ယူဂျင်းမကြိုက်တာဆို ဂယူဘင်းလုပ်မှာမဟုတ်ဘူး ။

rabbit-coloured jealousyWhere stories live. Discover now