Chapter 57- ပါပါရာဇီ

Start from the beginning
                                    

ရှဲ့လင်က ထိုမေးခွန်းကိုဖြေရန် ချီချင်းနား ကပ်သွား၏။ ဘယ်လောက်ထိ နီးကပ်နေလဲဆို ရှဲ့လင်၏ အကြည့်များတွင် အနွေးဓာတ်များပါသည်ဟုပင် ချီချင်း ခံစားလိုက်ရလေသည်။
" မင်း စိတ်ကျေနပ်နေတဲ့အချိန်ဆို မျက်လွှာချထားတတ်တယ်.. အရင်က အမြဲလိုလို အင်္ကျီလက်ကို အိတ်ကပ်ထဲ ထည့်ထားပေမဲ့ အခု မထည့်ထားဘူး.. နှုတ်ခမ်းလေး နည်းနည်းလေး ကွေးသလိုလိုရှိတယ်.. မျက်နှာအမူအရာမပြောင်းပေမဲ့ မင်း စိတ်ကျေနပ်နေတယ်ဆိုတာ သိသာပါတယ်ကွာ"

ချီချင်း : "..."

ဒီလိုလုပ်တတ်တယ်ဆိုတာ သူ့ကိုယ်သူပင် မသိ။

ရှဲ့လင်က နားလည်နိုင်စွမ်းအပြည့်နှင့် ဆက်ပြောပြန်သည်။
" အရင်က မင်းအနားဒီလောက်ကပ်နေရင် မင်း မျက်မှောင်ကျုံ့မှာပဲ"

ချီချင်း : " ကျွန်တော် မျက်မှောင်ကျုံ့တယ်ဆိုရင် ခင်ဗျား ပြန်ဆုတ်သွားမှာလား"

ရှဲ့လင် : " မဆုတ်ဖြစ်လောက်ဘူးထင်တယ်"

ရှဲ့လင်က ချီချင်းကဲ့သို့ ‌ရေခဲတိုက်နံရံကို မှီရပ်လိုက်သည်။ ရေခဲတိုက်၏ အထိအတွေ့က သူ့ကျောပြင်ကို အေးစက်လာစေသည်။
" ရေခဲတိုက်ကို ရောက်နေတာ ဒီလောက်တောင် ပျော်စရာကောင်းလို့လား"

အချိန်တော်တော်လေးကြာသွားသည့်အတွက် ချီချင်း ပြန်မဖြေလောက်တော့ဟု ထင်လိုက်သည့်အခါတွင်မှ ရုတ်တရက် ထပြောလာသော စကားသံကို ရှဲ့လင် ကြားလိုက်ရသည်။
" ဒီနေရာက တိတ်ဆိတ်နေတယ်လို့ ခင်ဗျား မထင်ဘူးလား"

ရှဲ့လင် : "..."

ဒီတစ်ကြိမ်တွင်တော့ တိတ်ဆိတ်သွားသူမှာ ရှဲ့လင် ဖြစ်သွား၏။ အချိန်အတော်ကြာမှ ပြန်ဖြေနိုင်သည်။
" ဒီမှာ လူသေတွေပဲ ရှိတာကို.. တိတ်ဆိတ်‌တာပေါ့"

ချီချင်းက ထိုစကားကို ထောက်ခံသည်။
" အရင်က အခွင့်မကြုံတော့ တစ်ခါမှ မလာဖူးလို့ ဒီနေရာကို ဒီလောက်တိတ်ဆိတ်မယ်လို့ မထင်ထားခဲ့ဘူး"

ထိုစကားများက သူကိုယ်တိုင် ရေခဲတိုက်ထဲ ဝင်အိပ်နေချင်သည့်ပုံပင် ပေါက်နေသည်။

ထိုစကားကြောင့် ရဲစခန်းသို့ လှမ်းသတင်းပို့၍ ပြန်လာသော ကျိမင်ရွေ့တစ်ယောက် ကြောင်အသွားလေသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now