ကမ္ဘာပေါ်တွင် လှပသောမိန်းကလေးများစွာရှိသော်လည်း ရှန်ယန်ကဲ့သို့ ရုပ်ရည်နှင့် စိတ်နေစိတ်ထားနှစ်မျိုးစလုံးတွင် ​​ပြည့်စုံသောမိန်းကလေးအနည်းငယ်သာရှိသည်။

ကောင်လေးတစ်ယောက် မတ်တပ်ထရပ်ပြီး စိတ်လှုပ်ရှားစွာအော်ပြောလိုက်သည်။

"ကောင်းတယ် ငါတို့က အမြင့်ဆုံးရမှတ်မှာ​​ဖြစ်ဖြစ် ပျမ်းမျှရမှတ်မှာဖြစ်ဖြစ် အတန်းတစ်ကို အမြဲတမ်းရှုံးခဲ့တယ်....ဒါပေမယ့် အခု ငါတို့ ပထမနေရာကို ရောက်သွားပြီကွ တစ်ကျောင်းလုံးရဲ့ အလှဆုံးမိန်းကလေးက ငါတို့အတန်းထဲမှာကွ...!"

ချန်းလန် မျက်မှောင်ကြုတ်လိုက်သည်။ ဒီကောင်လေးက ဘာတွေလျှောက်ပြောနေတာလဲ။သူက အတန်းဖော်အသစ်ကို ခြောက်မိသွားလိမ့်မယ်။

သူမက ရှန်းယန်ကို အမြန်ကြည့်ကာ စိုးရိမ်တကြီးနှင့်

"ယန်ယန် စိတ်ဆိုးနဲ့နော် သမီးရဲ့အတန်းဖော်တွေက နည်းနည်းရိုင်းတယ်လို့ထင်ရပေမယ့် တကယ်က တော့သဘာကောင်းကြပါတယ်။ သမီး သူတို့နဲ့ရင်နှီးသွားရင် သိလာမှာပါ"

ရှန်ယန်က ကောင်လေးကို လေးလေးနက်နက် ကြည့်လိုက်သည် ။

"နင်ပြောခဲ့တဲ့ နှစ်​နေရာမှာလည်းပထမရနိုင်တယ်"

ထိုကောင်လေး : "???"

အခြားကျောင်းသားများ- "???"

ချန်လန်၏ အပြုံးသည် အနည်းငယ် တောင့်တင်းသွားသည်။ ကျောင်းသားအသစ်သည် သူမ၏အတန်းထဲတွင် အဆိုးဆုံး​ကျောင်းသားလေးထက်ပင် ဆက်ဆံရပိုခက်ပုံရသည်။ ယုံကြည်မှုရှိခြင်းက ကောင်းသော်လည်း ယုံကြည်မှုလွန်ကဲသွားခြင်းက မကောင်းပါ။

သူမရဲ့ကိုယ်ရေးအကျဉ်းကို ဖတ်ဖူးသည်။ နယ်​မြို့​လေးရဲ့အထက်တန်းကျောင်းတွင် ယခုနှစ်တွင် သူမ၏ အတန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး စာမေးပွဲတွင် ပထမဆုပင် ရခဲ့သော်လည်း ထိုကျောင်းတွင် နံပါတ်တစ်ဖြစ်​​ခြင်းမှာ အဓိပ္ပါယ်မရှိပေ။

အထက်တန်းကျောင်းတစ်ကျောင်းလုံးတွင် သူမအပါအဝင် ကျောင်းသား အနည်းငယ်မျှသာရှိကြောင်း သူမကြားသိရသည်။

သို့သော်ဒါက ရှန်ယန်လုပ်နိုင်သည့် အကောင်းဆုံးဖြစ်နေပြီဖြစ်သည်။ နယ်​မြို့​လေးက အထက်တန်းကျောင်းတွင် အမှတ်အများဆုံးရခြင်းမှာ သူမရဲ့အမြင့်ဆုံးသတ်မှတ်ချက်ပင်ဖြစ်သည်။

"အဲဒီနားမှာ ထိုင်လိုက်နော်"

ချန်လန်က ကောင်မလေးတစ်ယောက် ဘေးနားက ခုံကို လက်ညှိုးထိုးပြသည်။

ကျောင်းသား အများစုဟာ အထက်တန်းနှစ်မှာ စိတ်ကစားတတ်ကြသည်။ ထိုသို့ ရုပ်ရည်ချောမောသော မိန်းကလေးတစ်ယောက်အား ကောင်လေးတစ်ယောက်ရဲ့ဘေးမှာ ထားလိုက်မိပါက သူမ​​လေ့လာမှုကို အာရုံမစိုက်နိုင်လောက်တော့ပေ။

ရှန်ယန်က ဘာမှပြန်မပြောဘဲ ထိုထိုင်ခုံဆီသို့ လျှောက်သွားသည်။

နားနေချိန်တွင် ​​ကျောင်းသားဆိုးလေးသည် တစ်ယောက်က ရှန်ယန်ထံ ရောက်လာခဲ့သည်။

"ဟယ်လို မိန်းမလှလေး ငါ့နာမည်က အိုးယဲ့ပါ"

သူနာမည်က "Oh Yeah!' ဟူသောအသံမျိုးထွက်နေပြီး သူ့မျက်နှာကတော့ ရယ်မြူးနေဟန်ရှိသည်။

တခြားကောင်လေးတွေကလည်း ရှန်ယန်ထံလာ​ပြီး စကားစမြည်ပြောဖို့ ကြိုးစားကြပါတယ်။

ရှန်ယန်ရဲ့ လှပမှုကြောင့်သာမဟုတ်ဘဲ ဒီအခန်းသည် ယောကျာ်းလေးဦးရေက မိန်းကလေးဦးရေထက်များပြားနေခြင်းကြောင့်လည်းဖြစ်သည်။ ထို့ကြောင့် ကျောင်းသားတိုင်းသည် ရှန်ယွဲ့က သူတို့အပေါ် အမြင်ကောင်းရှိလာရန်ကြိုးပမ်းတော့သည်။

"အိုခေ...အိုခေ သူအလုပ်ရှုပ်နေတာ နင်တို့မတွေ့ကြဘူးလား သူမက စာအုပ်တွေလည်းစီဖို့လိုပြီး အတန်းချိန်ဇယားကိုစစ်ဆေးပြီး ငါတို့နဲ့အတူလိုက်နိုင်အောင် စာလုပ်ဖို့လည်းလိုသေးတယ်လေ" ဟုရှန်ယန်ရဲ့စားပွဲဖော်ဖြစ်သော ပါးချိုင့်ပါတဲ့ကောင်မလေးကပြောလိုက်သည်။ သူမကို ဖန်းသော်လို့ ခေါ်ပြီး သူမလေးက ရှန်ယန်ကို အလွန်ကာကွယ်ပေးခဲ့တယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)حيث تعيش القصص. اكتشف الآن