အပိုင်း(၃၄)

Начните с самого начала
                                    

သခင့်ထက်အငယ်ဆိုပေမဲ့ ဒီလိုမျိုးတွေမလုပ်ခိုင်းချင်ပါ။တကယ်တော့ခြေသည်းဆိုတာလည်း အညစ်အကြေးတစ်ခုပဲမလား။

"ဘာလို့လဲသခင့်ရဲ့"

"ခြေသည်းတွေလေ ညစ်ပတ်ပါတယ် မမဘာသာညှပ်လိုက်မယ်နော် အလင်းလေးကိုင်စရာမလိုပါဘူး"

"ဘာများလဲလို့သခင်ရယ်..ကိုယ့်ချစ်သူကိုခြေသည်းညှပ်ပေးတာပဲ..လင်းကမရွံ့တတ်ပါဘူး"

ကိုယ့်ချစ်သူဆိုတဲ့စကားကြောင့် သခင်ရင်တောင်ခုန်သွားရသည်။
မောင်ပြောနေကျ စကားလေးထဲက တစ်ခုပါပဲ။သို့သော်မောင်ပြောတာထက်ပိုပြီး နားဝင်ချိုလှသည်။မောင်ပြောခဲ့တာထက်လည်း ပိုပြီးရင်ဖိုမိသည်။

"နော် သခင်...ညှပ်ပြီနော်"

"အင်းပါ..အင်းပါ"

ခြေသည်းညှပ်ပြီးတော့
သခင့်ခြေချောင်းလေးတွေကိုသေချာကျကျနနလေးဆိုးပေးနေသည်။
အားလုံးဆိုးပြီးတော့ လေကလေးနှင့်မှုတ်သေးသည်။

"သူ့ဘာသာ ခြောက်သွားမှာပါ အလင်းရဲ့"

"သခင့်ခြေချောင်းလေးတွေအေးအောင်လို့လေ"

ခဏကြာတော့ သူ့လက်ချောင်းလေးတွေနဲ့ထိကြည့်နေသည်။

"ရပြီ သခင်..ခြောက်သွားပြီ"

"ခြောက်သွားပြီလား"

"အင်း...လင်းလေ သခင့်ခြေချောင်းလေးတွေကိုချစ်လိုက်တာ အရမ်းပဲ"

"လာပါဦး မမဆီ...ပင်ပန်းသွားလား"

"ဟား...သခင်ရယ်..ဘယ်ပင်ပန်းမှာလဲ ခြေသည်းလေးဆိုးပေးတာကို"

"အလင်း"

"ရှင်"

"မှတ်ဉာဏ်တွေပြန်ရတာဘယ်ကတည်းကလဲ"

သခင့်ရင်ခွင်ထဲဝင်ကာ သခင့်ခါးကိုဖက်ထားရာကနေမော့ကြည့်လာသည်။သူ့မျက်လုံးတောက်တောက်လေးတွေဟာ အလင်းတန်းလေးတွေသဖွယ် လင်းပြီးစူးရှနေ၏။

"တစ်လလောက်ပဲရှိသေးတာပါ'"

"မမကိုဘယ်အထိဖုံးကွယ်ဖို့တွေးထားခဲ့တာလဲ"

သူပြန်ပြောတဲ့စကားကြောင့်ဆွံ့အရပြန်သည်။သူပြောတာက

"တစ်သက်လုံးပဲ"

သခင် (Completed)Место, где живут истории. Откройте их для себя