ဒီယဉ်ကျေးမှုအလေ့အထတွေ
လူ့ကျင့်၀တ်တွေသာပျောက်ဆုံးသွားခဲ့ရင်
ဘယ်လောက်ကောင်းလိုက်လေမလဲလို့ရူးမိုက်စွာ
တွေးခဲ့ဖူးတယ်.....၊မင်းတစ်ယောက်တည်းကိုပိုင်ဆိုင်နိုင်ဖို့အတွက်နဲ့
ကိုယ်လိုလူကလေ........ဘယ်လောက်ပဲထက်မြတ်ခဲ့ပါစေ
ဘယ်လောက်ပဲတော်နေခဲ့ပါစေ
မင်းနဲ့စတွေ့ချိန်ကစလို့
ကိုယ့်ကမ္ဘာငယ်ထဲယောက်ယက်ခတ်ရင်း
မသိကျေးကျွံမပြုနိုင်တော့တဲ့အထိ
တိတ်တဆိတ်လှိုက်စားလာခဲ့တယ်။......။အချစ်ကို မိုက်ရူးရဲဆန်ခြင်းလို့
တစ်စုံတစ်ယောက်ကအဓိပ္ပါယ်ဖွင့်ဆိုခဲ့ရင်
မင်းအပေါ်ထားတဲ့ကိုယ့်အချစ်ကိုရော........
ဘယ်စကားလုံး ဘယ်ကာရန်မျိုးနဲ့များ
ဖွင့်ဆိုလို့ရမလဲ.........?သေချာတာတစ်ခုကတော့
ကိုယ် မိုက်ရူးရဲဆန်နေခဲ့တာမဟုတ်ပါဘူး.....၊မဖြစ်နိုင်မှန်းသိပေမယ့်
မဖြစ်သင့်မှန်းလည်းသိပေမယ့်
ဖြစ်များဖြစ်သွားခဲ့ရင်ဆိုတဲ့မျှော်လင့်ချက်နဲ့
တစ်ကြိမ်တစ်ခါလောက်တော့
အရဲစွန့်ကြည့်တာမမှားလောက်ဘူးမလား....?#နေ့ညအိပ်မက်ငယ်
~~~~~~~~~~~~~
"sam! သမီးတို့အပိုင်း နုတ်ထုတ်ပြီးသွားပြီ!"
"အေး အချောပြန်ရေးတဲ့ခါ ဒီကြားထဲမှာ ခုနရိုက်ထားတဲ့ပုံလေးတွေ ထည့်ပေးလိုက်ရင် ပိုစိတ်၀င်စားဖို့ကောင်းသွားလိမ့်မယ်"
"ဟုတ်ကဲ့!"
ကျောင်း၀န်းတောင်ဘက်၊
ဂင်ဂိုပင်အတန်းလိုက်ကြီးများအောက် နားနေ,နိုင်စေရန် ခုံတန်းငါးခုလောက်တန်းစီချပေးထားကာ ၎င်းတို့မှာ စားပွဲနှင့်ထိုင်ခုံတွဲလျက်သားများဖြစ်၏။ထိုခုံတန်းများနားတွင်တော့
ဒီနှစ်လေ့လာရေးခရီးစဉ်ရဲ့
အဓိကဇာတ်ဆောင်လေးတွေ စုရုံးစုရုံးနှင့်
ကြိုးစားနေကြကာ လေကလည်း တဖြူးဖြူးတိုက်ခတ်လျက်.....၊"ဒါနဲ့ sam! ကျွန်တော်တို့ ဒီမှာဘယ်လောက်ကြာကြာနေကြမှာလဲ"
"မင်းတို့ပြီးတာနဲ့ တန်းပြန်မယ်လေ အလွန်ဆုံးကြာ နှစ်ပတ် သုံးပတ်ပေါ့.....
ဘာလဲ.....အိမ်လွမ်းနေကြပြီလား"