Freen's POV
ဒီနေ့မနက်ခင်းမှာတော့ကျွန်မနွေးထွေးသောအငွေ့အသက်များနှင့်အတူနိုးထလာခဲ့သည်။Beckyကကျွန်မရင်ခွင်ထဲကို ခေါင်းတိုးဝင်ပြီး လက်ကိုကျွန်မ ခါးပေါ်တင်ထားလျက်အိပ်ပျော်နေသေး၏။ကျွန်မလဲသူမကိုပြန်ဖက်ထားမိသည်။သတိမဝင်လာခင်ထိပင်။
ရင်ခုန်သံများကဆူညံစွာထွက်ပေါ်လာပြီးကိုယ်တိုင်တောင်သတိထားမိလာခြေပြီ။ ကြာကြာဆက်အိပ်နေလျှင် ရင်ခွင်ထဲမှာကြောင်ပေါက်လေးလိုတိုးဝင်အိပ်နေတဲ့ကလေးငယ် နိုးလာတော့မည်မဟုတ်လား။Freen:Becky ထတော့လေ။အပြင်သွားမှာမဟုတ်ဘူးလား။
ကျွန်မပြောလိုက်ချိန်တွင်ပိုလို့တောင်ရင်ခွင်ထဲတိုးဝင်သွားလိုက်သေးသည်။
ဘယ်လိုကောင်မလေးပါလိမ့်။Freen:ထတော့လို့။မဟုတ်ရင်ငါမပို့တော့ပဲနေမှာနော်။
သူမ ဒီတစ်ခါတော့ခေါင်းထောင်လာခဲ့ပြီ။ကျွန်မကိုသူ သက်သက် ကိုချွဲနေတာပါ။
Becky:Morning P'Freen.
'မ'လို့မခေါ်တော့ဘူးလား။စိတ်ထဲကပင်ရေရွတ်မိလိုက်လေ ခြင်း။ငါပဲမခေါ်နဲ့လို့တားထားတာလေ။ဟော။
Freen:Morning ပါရှင့်။
ငါဘာလို့ဒီလိုပြောထွက်သွားတာလဲ။
Becky:အယ်။ဘာစိတ်ကူးပေါက်နေတာလဲ။
ကျွန်မရှက်ပြီးဘားမျှ ပြန်မပြောနိုင်တော့ပါ။မျက်နှာသာလွှဲလိုက်မိသည်။
Becky:Becရေချိုးတော့မယ်။
Freen:ချိုးလေ။
Becky:တူတူချိုးကြမလား။
Freen:Beckဘာတွေပြောနေတာလဲကြွက်စုတ်။
Becky:စတာပါ။
.
.
.
Becky's POV'မ'ဘာဖြစ်နေတာလဲမသိပေမဲ့ကျွန်မနှစ်နှစ်ခါခါပြုံးမိတာတော့အသေအချာပင်။
'မ'ကိုစတွေ့ကထဲကကျွန်မ ဒီလိုလေး နေချင်ခဲ့တာ။ဒီလိုဘဝလေးကိုအတူတည်
ဆောက်ချင်ခဲ့တာ။အမြဲမဟုတ်ရင်တောင်လောကကြီးကနေမထွက်သွားခင်ဒီလိုမျိုးလေး ဆက်ဆံပေးရင်ကျွန်မ အသက်ရှင်ခဲ့တဲ့ကာလပတ်လုံးက အဓိပ္ပါယ်မျိုးစုံနဲ့တောက်ပစွာကျန်ရှိခဲ့မယ်ထင်ပါရဲ့။
YOU ARE READING
Last Breath
Fanfiction'မ' ဆိုတဲ့နာမ်စားလေးတစ်ခုက ကျွန်မကိုအဲ့လောက်တောင်ရူးသွတ်စေခဲ့တာလား။