Final Episode ✓

Depuis le début
                                    

“ဟင် လူကြီးမင်း ဘာလို့ အကင်ဆိုင်လဲ”

“ကိုယ်မင်းကိုပြောဖို့မေ့နေတာ ကိုယ်တို့ကို Ren တို့ကတွေ့ဖို့ ချိန်းထားတယ်”

“ဟုတ်သားပဲ ကျွန်တော်တို့ မတွေ့ဖြစ်တာကြာပြီပဲ”

ဒီလိုနှင့် နှစ်ယောက်သား ဆိုင်ထဲဝင်သွားလိုက်တော့ သူတို့ကိုမြင်သည့် Ren ဟာ လက်လှမ်းပြရင်း ခေါ်လေ၏။

Suga တို့လည်း စာပွဲဝိုင်းထက် ဝင်ထိုင်ရင်း Ren ဘေးက Kane အားမြင်တော့ Suga မျက်နှာမှာ ခပ်ပြုံးပြုံးနှင့် Ren နှင့်အကြည့်ချင်းဆုံးက မျက်စိတစ်ဖက်မှိတ်ပြလေရဲ့။ Ren ကလည်း Suga အပြုမှုကြောင့် ဂုတ်ပိုးအား ပွတ်သတ်ကာ ခပ်ပြုံးပြုံးလုပ်နေတော့၏။

“မင်းတို့ကလည်း ကြာလိုက်တာကွာ”

“ငါ့ရည်းစားလေးက အလုပ်နဲ့အကိုင်နဲ့ကွ ငါ့ရည်းစားလေး အလုပ်ပြီးမှ မင်းတို့ဆီ ‌လာလို့ရမှာပေါ့”

“မင်းစကားပြောရင် မင်းရည်းစာ‌အကြောင်း ထည့်မပြောနဲ့”

Ren ကမျက်နှာကြီးရှုံ့မဲ့ကာ ကလေးလို ပြန်တုံ့ပြန်တော့ Suga တစ်ယောက် ခေါင်းခါရယ်ရင်း Ren အရှေ့၌ သူ့ဂျီမင်ခါးတွေအား တမင် ခပ်တင်းတင်းဖက်ပြပြီး ထပ်စပြန်၏။

“မင်းပြန်လိုက်တော့ ဂျီမင်ကိုပဲထားခဲ့”

“ဘာလို့ ငါ့ရည်းစားကို ထားခဲ့ရမှာ”

“မင်း-”

“Suga Ren”

နှစ်ယောက်သား စကားနိုင်လုနေရင်း သူတို့ဝိုင်းထက် ရောက်လာတဲ့ ကောင်မလေး တစ်ယောက်ကြောင့် တစ်ဝိုင်းလုံး၏ အကြည့်မှာ ထိုမိန်းကလေးဆီ ရောက်သွားလေ၏။

“Yuki! မင်းမဟုတ်လား”

“Hey! Yuki ကျောင်းပြီးကတည်းက မတွေ့ရတာ ဘယ်လောက်တောင် ကြာပြီလဲ”

Ren ရော Suga ရော ထိုမိန်းကလေးအား သိကြသည်ထင်။ မတ်တပ်ရပ်ကာ နှုတ်ဆက်စကားဆိုနေကြသည်မို့ ဂျီမင်တို့ခင်မျာ ကြောင်တောင်တောင်လေးနှင့်ငြိမ်နေကြရှာ၏။

ထို့နောက် ခပ်ကြာကြာ စကားတွေဆိုပြီးချိန်မှာတော့ ထိုမိန်းကလေးအား သူတို့ဝိုင်းထက် ထိုင်ခွင့်ပြုလိုက်သည့် Suga တို့ကြောင့် ဂျီမင်တို့နှစ်ယောက် မျက်နှာမှာ သိပ်မသာယာတော့ချေ။ ထို့အပြင် နှစ်‌‌ယောက်စလုံး ထုတ်မပြချင်ပေမဲ့ ထိုမိန်းကလေးအား အကဲခတ်ရင်း အမြင်မကြည်ဖြစ်နေသည့် ဂျီမင်တို့မျက်နှာအား ဘေးလူတွေကြည့်ရင်းတောင် သိနိုင်လေသည်။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Mar 03 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

-THAT MAN- [Complete]Où les histoires vivent. Découvrez maintenant