Final Episode ✓

909 73 38
                                    

Unicode ✅

-That Man-

သူရှိရာဆီ ခပ်မြန်မြန်လျှောက်လာသည့် သူ့ချစ်သူလေးအားကြည့်ရင်း သူ့မှာအသည်းတယားယား။ လက်ထဲ၌လည်း စာရွက်စာတန်းတွေ ထည့်ထားသည့် အိတ်ကြီးအား ကိုင်ထားပြီး ကျန်သည့် တစ်ဖက်၌လည်း ဖိုင်တွဲတွေအား ကိုင်ထာသေးသည့်မို့ မျက်လုံးထဲမြင်ရသည်မှာ မူကြိုကလေးလေး ကျောင်းထဲက ထွက်လာသလိုပါပင်။

“စောင့်ရတာ ကြာသွားလား လူကြီးမင်း”

‌ခပ်တိုးတိုးမေးလာသည့် ဂျီမင် စကားအား Suga အာရုံမရောက်။ အလုပ်ထဲ အာရုံစိုက်ရင်း ထလာသည့် သူ့ချစ်သူလေးကိုသာ အကြည့်မပျက်ဖြစ်နေလေသည်။ နောက်တော့ ကြည့်နေရင်း အသည်းယားလာသည့်မို့ ဂျီမင် ပါးမို့မို့လေးအား ခပ်ဖွဖွတစ်ချက်နမ်းလိုက်လေ၏။

သူ့လုပ်ရက်အား ကြောင်သွားသည့် ဂျီမင်မှာ ပါးပြင်တွေ ရဲတက်လာပြီး နောက်တော့မှ သူတို့အပြင်ကိုရောက်နေမှန်း သတိထားမိသွားတာကြောင့် ရှက်ရှက်နှင့် Suga လက်မောင်းအား လှမ်းထိုးတော့၏။

“Ugh! နာတယ် ကိုယ့်ဂျီမင်ရဲ့”

“နောက်ဆို အပြင်မှာရှိနေရင် ဒီလိုမလုပ်ပါနဲ့”

“အပြင်မဟုတ်ဘူးဆိုရင်တော့ ရတယ်ပေါ့”

“အင်း ဟင် သွား..သွားမယ်”

ရှက်သွားဟန် ဆိုလာသည့် သူ့ဂျီမင်အားကြည့်ရင်း သူလည်း ခပ်တိုးတိုးရယ်ကာ ဆိုင်ကယ်‌ထက် နေရာယူလိုက်ပြီး သူ့ဂျီမင်အား ဆိုင်ကယ်ပေါ်တင်ကာ အပြန်ခရီးစတော့၏။

အရင်က သူ့နေထိုင်မှုက သူငယ်ချင်းတွေနှင့် ‌‌ဆိုင်ကယ်‌ပြိုင်စီးလိုက် ပေါက်ကရတွေလုပ်ရင်းနဲ့သာ အချိန်ကုန်နေတာမို့ အခုလိုတွေ ပြောင်းလဲလာလိမ့်လို့ သူစိတ်ကူးတောင်မယဉ်ဖူးပါပေ။ အခုတော့ သူ့ဘဝထဲ ဂျီမင်ဝင်လာကတည်းက ဆိုင်ကယ်ပြိုင်ပွဲတွေမှာလည်း ဝင်မပါဖြစ်တော့သလို သူငယ်ချင်းတွေနဲ့လည်း သိပ်မဆုံဖြစ်တော့ပေ။

အချိန်တိုင်း အိမ်မှာနေလိုက်။ သူ့ဂျီမင်နှင့်တွေ့လိုက်နဲ့သာ အချိန်ကုန်ဆုံးနေတာမို့ အခုတိုင်းလေး သူ့နေ့ရက်တွေအား ဖြတ်သန်းရသည်ကိုပင် သူသဘောကျလို့နေလေ၏။

You've reached the end of published parts.

⏰ Last updated: Mar 03 ⏰

Add this story to your Library to get notified about new parts!

-THAT MAN- [Complete]Where stories live. Discover now