Episode 4 ✓

1.8K 223 75
                                    

Unicode ✅

-THAT MAN-

TVကြည့်နေရင်း အပြင်ဘက်ကနေ ရွာချလာသည့် မိုးသံတွေကြောင့် ဆိုဖာထက်ကနေ ပြတင်းပေါက်နားသို့ သူထသွားလိုက်သည်။ ပြတင်းပေါက်နား ရောက်သည်နှင့် အပြင်ဘက်၌ မြင်နေရသည့် မိုးစက်တွေအား ကြည့်ပြီး သူအတွေးထဲဝင်လာသည်မှာ ညနေကျရင် ပြန်လာခဲ့မည်ဟု ပြောသွားသည့်သူကိုပင်။

အခုလိုအကြမ်းပတမ်းရွာနေသည့် မိုးတွေကြားထဲ ထိုလူတကယ်ပဲ သူ့ဆီရောက်လာမလားဆိုတာ သူသိချင်မိသည်။ သက်သက်ကြီး မျှော်နေတာမျိုး မဟုတ်ပေမဲ့လည်း အခုလို အကြမ်းပတမ်းရွာ‌ချနေသည့် မိုးစက်တွေကြားထဲ ဆိုင်ကယ်မောင်းရသည်မှာ အန္တာရာယ်များလှသည်မဟုတ်လား။

ဂျီမင်ဟာ လက်ထဲကနာရီအား တစ်ချက်ငုံ့ကြည့်ပြီး သက်ပြင်းဖွဖွချလေသည်။ ဒီလိုမိုးတွေသာ ရွာမယ်မှန်း သူကြိုသိခဲ့မယ်ဆိုရင် Suga အား သူ့ဆီသို့ ပြန်လာခိုင်းမည်မဟုတ်ပေ။

အခုတော့ သူကိုယ်တိုင် စားချင်တာတောင် တကူးတကကြီး မှာလိုက်တာကြောင့် သူနဲ့ပတ်သတ်လာရင် အဖြစ်သည်းတက်သည့် Suga ဟာ ကျိန်းသေပေါက် သူ့ဆီအရောက်လာမယ်ဆိုတာ သူအတက်ယုံကြည်နေ၏။

“မိုးကလည်း ဒီနေ့မှ ဘာကြောင့်မို့ ဒီလောက်ထိ ရွာနေရတာလဲ”

ခပ်တိုးတိုးညည်းညူကာ ဂျီမင် ဆိုဖာထက် ပြန်လာပြီး အသာလေး ဝင်ထိုင်လေသည်။ ပြီးသည်နှင့် ဖွင့်ထားသည့် Tv အား ကြည့်လိုက်။ နာရီအားကြည့်လိုက်ဖြင့် Suga အလာအား စောင့်လို့နေလေရဲ့။

ဒီလိုနှင့် အချိန်တွေကုန်ဆုံးလာတာနှင့်အတူ ညနေစောင်းကနေ ဂျီမင်စာင့်နေသော်လည်း ည၆နာရီခွဲသည်အထိ Suga ဟာ ရောက်မလာသေးပေ။

ဂျီမင်သည် Suga သူ့ဆီ မလာတော့ဘူးလားဟု ခပ်ဆဆတွေးတောနေသလို။ လမ်းမှာတစ်ခုခုဖြစ်နေမလား ဟူ၍လည်း တစ်ယောက်တည်း အတွေးများနေလေ၏။

ထိုအချိန်မှာပဲ ထွက်ပေါ်လာသည့် အိမ်ရှေ့က ဘဲလ်သံကြောင့် ဂျီမင်ထိုင်ရာကနေထကာ အိမ်အပြင်ဘက်ထွက်လာလိုက်သည်။ ပြီးသည်နှင့် တံခါးအားဖွင့်လိုက်ချိန်မှာတော့ လက်ထဲကအထုတ်အား ရင်ခွင်ထဲပိုက်ထားရင်း တစ်ကိုယ်လုံး မိုးရေတွေစိုရွှဲနေသည့် Suga အား တွေ့လိုက်ရလေ၏။

-THAT MAN- [Complete]जहाँ कहानियाँ रहती हैं। अभी खोजें