အပိုင်း(၃၁)

Začít od začátku
                                    

"မမဝင်လာပြီ"

"မလာခဲ့နဲ့လို့ပြောနေတာကို"

သူကမဝင်ခဲ့ဖို့ပြောပေမဲ့ ဇွတ်ဝင်သွားလိုက်သည်။အရင်တုန်းကနဲ့အမူအရာတွေအပြောအဆိုတွေမတူတော့ပေမဲ့ အလင်းလေးဟာ ဘယ်တော့မှမရိုင်းတတ်ပါ။သူ့ကိုယ်သူမသိပေမဲ့ ကလေးသည် ပင်ကိုအသိဉာဏ်တော့ရှိနေသည်။

သခင့်ကိုစိတ်ဆိုးတဲ့နေ့တွေဆို စူပုတ်နေတတ်ပေမဲ့ ဘယ်တော့မှရိုင်းရိုင်းစိုင်းစိုင်းမလုပ်ခဲ့ပါ။

"ထမင်းစားရအောင်လေ..မမ မင်းကြိုက်တဲ့ဟင်းတွေချက်ထားတယ်လေ..နော်"

"မစားဘူး..ဘာမှလာမကျွေးနဲ့..ကျွန်မသိချင်တာကျပြောမပြဘူး"

"မင်းမေးတာ မမမှမသိတာကိုလေ...မမကဘယ်လိုပြောပြရမလဲ"

"ဒါဆိုလည်း မစားဘူး"

ဂျစ်တိုက်နေတဲ့ကလေးကို ဘယ်လိုချော့ရမလဲမသိတော့။ခေါင်းကိုသာ ငုံ့နေမိသည်။ကိုယ့်ကြောင့် အခုလိုဖြစ်နေတဲ့ကလေးငယ်ပုံစံကိုတွေးမိရင်း ဝမ်းနည်းလာပြန်သည်။

"အစ်မ ငိုနေတာလား..မငိုနဲ့လေ...ကျွန်မကလိမ်ပြောတာပါ..ထမင်းစားမှာပေါ့..အငတ်ခံမတဲ့လား"

"တကယ်ပြောတာနော်"

ထိုအခါမှ သူပြုံးလာသည်။သူမျက်ရည်ကျနေတာမြင်ရတော့ကိုယ်ပါဝမ်းနည်းလာသည်။ဘာကြောင့်မှန်းမသိပါ သူ့မျက်ရည်တွေကိုကြည့်ဖို့ အင်အားမရှိပါ။
နောက်ဆုံးအထိဂျစ်မတိုက်နိုင်ပဲအရှုံးပေးခဲ့ရသည်။

"အစ်မ ဘာလို့ငိုတာလဲဟင်..ကျွန်မကြောင့်လား"

"မဟုတ်ပါဘူး"

"ကျွန်မကြောင့်ဆို မငိုနဲ့နော်"

"အစ်မငိုရင် ဘယ်လိုမှန်းမသိဘူး...ခံစားရတယ်"

သူ့လက်ကလေးများနဲ့သခင့်ပါးပေါ်ကမျက်ရည်များကိုသုတ်ပေးနေသည်။
မှတ်ဉာဏ်ပျောက်ဆုံးနေတာတောင် သခင့်ကိုတော့စိုးရိမ်ပေးသေးသည်။ သူ့နှလုံးသားကတော့ မှတ်ဉာဏ်တွေမပျောက်ဆုံးခဲ့ဘူးထင်ပါရဲ့။

***

"နင်တို့ကို ငါအမှတ်မရသေးဘူး..အားနာလာပြီ ငါ့ဆီကိုခဏခဏလာနေတာ"

သခင် (Completed)Kde žijí příběhy. Začni objevovat