ရှေ့မလွတ်နောက်မလွတ်စကားများကြောင့် ယိမ်းယိုင်မျက်နှာဟာရှိန်းခနဲ။

"" မင်း .. မင်းကို ငါစိတ်ကောက်နေလို့လား ""

"" အော် မသိဘူးလေ ယောကျာ်းတွေတစ်ခုခုလုပ်တိုင်း မိန်းမတိုင်းကမျက်စောင်းလေးထိုးပြီးစိတ်ကောက်နေကြလေခင်ဗျားကအဲ့လိုပုံစံဖြစ်နေတော့ ကျုပ်လည်းစိတ်ကောက်နေတယ်ထင်တာကျုပ်အမှားမှမဟုတ်တာ ""

အဆုံးစွန်ထိ သူ့ကိုမျက်နှာပြောင်တိုက်နေတာ။မျက်ခုံးတစ်ချက်ပင့်ပြကာ ခုတော့သူ့ကိုဘာပြောချင်သေးလဲဆိုတဲ့ပုံစံမျိုး။ဒီလိုလူနဲ့ စကားကိုဖက်မပြောချင်တော့ ချန်ဒလာ့ကိုမမြင်ခင်အကောင်းမြင်လိုက်တာနဲ့ကို သူ့(ချန်ဒလာ)အပေါ်ထားတဲ့မေတ္တာဓါတ်တို့ဟာအလိုလိုကြက်ပျောက်ငှက်ပျောက်။ဘယ်ကနေဘယ်လိုအစခေါ်ရမလည်းတောင်မသိတော့။ တကယ်ပါအစအနကိုရှာမတွေ့တာ...

သူနိုးလာပြီးရင်ဆက်မအိပ်တတ်တဲ့အကျင့်လည်းရှိနေတာကြောင့်ရေချိုးဖို့ရန်သာပြင်လိုက်သည်။ဒီနေ့ Company မသွားခင်လမ်းခုလတ်မှာလူတစ်ယောက်နှင့်တွေ့ဆုံဖို့ရှိသေးသည်ပင်။ဒီလူနဲ့မတွေ့ချင်လည်းတွေ့ရအုန်းမယ်ဆိုပေမယ့် ကိုယ့်ကိစ္စကိုယ်အမြန်ဖြတ်ကာအမြန် Company ဝင်ဖို့ပဲ။

"" ဒီနေ့ ကျုပ်နဲ့အတူတူ Company သွားရအောင် ""

ချန်ဒလာ့အသံကား ခွင့်တောင်းနေတာမျိုးလည်းမဟုတ်သလိုအသိပေးနေတာလည်းမဟုတ်၊အမိန့်ပေးနေတာမျိုးဖြစ်သည်။ဒီနေ့ချိန်းဆိုထားတာရှိပါတယ်ဆိုမှ ချန်ဒလာကဘယ်လိုစိတ်‌ကူးတွေပေါက်နေတာလဲ။တစ်ခါမှခုလိုမခေါ်ဖူးတဲ့လူက ခုတော့ထူးထူးဆန်းဆန်း သူမဟုတ်သလိုပင်။

"" ရတယ် မလိုဘူးငါဝင်စရာရှိလို့ မင်းပဲသွားနှင့် ""

"" ကျုပ်ခင်ဗျားကို အမိန့်ပေးနေတာ ကျုပ်နဲ့
လိုက် ခဲ့ ဖို့ ""

ချန်ဒလာထိုင်နေရာမှ ထလာကာ သူ့နားတစ်ဖြေးဖြေးကပ်လာ၏။စကားလုံးတို့ကိုလည်းတစ်လုံးချင်းဖိကာနှိပ်ပြောလာပြန်သည်။

ချန်ဒလာတစ်လှမ်းတိုးလာတိုင်း ယိမ်းယိုင်ကတစ်လှမ်းနောက်ဆုတ်လေဖြစ်လာသည်။

CHANDLER { Ongoing }Where stories live. Discover now