🫂✨

185 16 6
                                    

Beautiful In White by Shane Filan recommend song for this part

သုံးနှစ်ကြာပြီးနောက်
ယနေ့သည်ချွမ်ရွေ့နှင့်ဂယူဗင်းတို့ရည်းစားသက်တမ်း(၃)နှစ်မြောက်နေ့၊သူတို့၏လက်ထပ်ပွဲနေ့ဟုလည်းပြောနိုင်သည်။ဒီ(၃)နှစ်အတွင်းတစ်ယောက်နဲ့တစ်ယောက်အမြဲနားလည်ပေးပြီးအေးအတူပူအမျှဖြတ်သန်းခဲ့ကြသည်။ရုံးမှာလည်းလူ
အများအားကျစရာromantic coupleဖြစ်ကြသည်။တချို့လူများသည်ချွမ်ရွေ့တို့ကို
သူတို့၏idol coupleအဖြစ်သတ်မှတ်ကြသည်။တချို့မှာလည်းချွမ်ရွေ့ထံတွင်ရိုနည်းပေါင်း
တစ်ထောင်ကိုလေ့လာဆည်းကပ်ကြသည်။လူတိုင်းအားကျရတဲ့ချွမ်ရွေ့တို့coupleဟာ
သုံးနှစ်သုံးမိုးအတူတူဖြတ်သန်းခဲ့ကြပြီးနောက်ဆုံးတွင်ပေါင်းဖက်ကြတော့မည်။

Weddingကိုခန်းမကျယ်တစ်ခုထဲတွင်ကျင်းပသည်။အရာအားလုံးကိုအဖြူရောင်ဖြင့်အလှ
ဆင်ထားသည်။နှင်းဆီပန်းအဖြူများမှာလည်းခန်းမကိုပို၍လှပစေသည်။သတို့သား
ကင်မ်ဂယူဗင်းသည်အဖြူစွတ်စွတ်သတို့သားဝတ်စုံကိုဝတ်ဆင်ထားသည်။ဂယူဗင်းမှာနှင်းလုံးလေးသဏ္ဌာန်ဖြစ်နေသည်။ထို့အတူရှန်းချွမ်ရွေ့သည်လည်းဂယူဗင်းနဲ့ပုံစံတူအဖြူစွတ်စွတ်
သတို့သားဝတ်စုံကိုဝတ်ဆင်ထားသည်။ရင်ဘတ်တွင်နှင်းဆီပန်းအဖြူတစ်ပွင့်အားဆင်တူ
ထိုးစိုက်ထားသည်။အနက်ရောင်ကြိုက်လှတဲ့ချွမ်ရွေ့ဟာဂယူဗင်းသဘောကျအဖြူရောင်ကိုသာဝတ်ဆင်ပေးသည်။အသားဖြူလှတဲ့တရုတ်လေးမှာဆံပင်ငွေမှင်ရောင်အပြင်
အဖြူရောင်ဝတ်စုံကြောင့်ပါတော်ဝင်မင်းသားလေးအလား။သတို့သား
နှစ်ယောက်ဟာစိတ်လှုပ်ရှားမှုကိုယ်စီဖြင့်မင်္ဂလာအချိန်ကိုစောင့်မျှော်နေကြသည်။
ဧည့်ပရိသတ်များမှာလည်းခမ်းနားတဲ့အဖြူရောင်ခန်းမကြီးနဲ့လှပလွန်းသော
သတို့သားလေးနှစ်ယောက်ကိုမျက်တောင်မခတ်ကြည့်ရှုကြသည်။တချို့ဆိုဖုန်းဖြင့်ပင်တန်ဖိုးရှိသောအချိန်လေးကိုမှတ်တမ်းတင်ကြသည်။

နောက်ဆုံးတွင်တော့မင်္ဂလာအချိန်ကျရောက်လာသည်။အဖြူရောင်ဝတ်သတို့သား
နှစ်ယောက်သည်တစ်ယောက်လက်တစ်ယောက်ချိတ်ကာအဖြူရောင်နှင်းဆီကြဲလျှောက်လမ်းမှာလျှောက်ကြသည်။တစ်ဦးနှင့်တစ်ဦးအကြည့်ချင်းစုံသည့်အခိုက်တွင်အသက်ဝင်လှသောအပြုံးတို့ကထွက်ပေါ်လာသည်။ထိုအခိုက်အတန့်ကိုကင်မရာမန်းကအမိအရရိုက်ကူး
လိုက်သည်။ထိုပုံကိုzoomဆွဲကြည့်ပါကတစ်ဦးနှင့်တစ်ဦးနူးညံ့စွာကြည့်နေသည့်အကြည့်တွေအပြင်နူးညံ့ညက်သက်သောအကြည့်တွေကြားမျက်ရည်စတွေကိုပင်တွေ့ရလိမ့်မည်။
ထိုမျက်ရည်စတို့တွင်ပျော်ရွှင်မှု၊ကြည်နူးမှု၊ဝမ်းမြောက်ဝမ်းသာဖြစ်မှုတို့ဆတူရောထွေးပါဝင်နေလိမ့်မည်။မင်္ဂလာလမ်းအားအတူတူဖြတ်လျှောက်ပြီးနောက်ဘုန်းတော်ကြီးအရှေ့သို့ရောက်လာသည်။

🎉 You've finished reading ဒီတရုတ်စိတ်တိုဌာနမှူးကြီးကကျွန်တော့်ကိုချစ်တယ်တဲ့ 🎉
ဒီတရုတ်စိတ်တိုဌာနမှူးကြီးကကျွန်တော့်ကိုချစ်တယ်တဲ့Where stories live. Discover now