💋🫶🏻

223 19 0
                                    



ဌာနမှူးစိတ်တိုနှင့်မောင်ပြာယာတို့ဇာတ်လမ်းလေးဟာဖြင့်ရုံးမှာဟိုးလေးတစ်ကျော်ကျော်ဖြစ်နေလေရဲ့။ချွမ်ရွေ့တို့ဌာနတင်မဟုတ်တခြားဌာနတွေကပါဌာနမှူးရှန်ကလေဂယူဗင်းကိုဘယ်လိုဘာညာဖွင့်ပြောတာစသည်ဖြင့်ပြောနေကြသည်။ဂယူဗင်းကတော့ရှက်နေပေမဲ့ချွမ်ရွေ့ကတော့ခပ်ပြုံးပြုံးသာ။ဟိုသရဲမလေးမရှိတော့ချွမ်ရွေ့ပိုစိတ်အေးလက်အေးဖြစ်နေသည်။တော်ရုံဆို
ချွမ်ရွေ့မကြောက်တတ်ပေမဲ့နဖူးတွေ့ဒူးတွေ့ တွေ့မှလန့်သွားရတာ။ချွမ်ရွေ့ကလက်တွေ့ဆန်တဲ့သူမျိုးဖြစ်ပြီးယုတ္တိရှိတာမျိုးကိုသာယုံတတ်သူဖြစ်သည်။ဒီနေ့ရုံးတက်တော့ဂယူဗင်းခမျာတော်တော်ရှက်နေရှာတာ။တစ်ရုံးလုံးကလည်းပြုံးစိပြုံးစိနဲ့။ချွမ်ရွေ့ဂယူဗင်းကိုတော်တော်အားနာသွားရသည်။ပုံမှန်ဆိုတက်ကြွပြုံးရွှင်နေတတ်တဲ့ကောင်လေးကသူ့ကြောင့်အခုလိုငြိမ်
ငြိမ်လေးဖြစ်သွားတာသိပ်တော့သဘောမခွေ့ချင်ပါ။ဒါဟာသူ့ရဲ့သဝန်တိုစိတ်နဲ့မပိုင်ဆိုင်ရမှာကြောက်တဲ့စိတ်ကြောင့်ဖြစ်ရသည်ကိုချွမ်ရွေ့ကောင်းကောင်းနားလည်ပါသည်။ဘယ်လိုပဲ
ဖြစ်ဖြစ်အခုလိုအခြေအနေရောက်မှတော့ချွမ်ရွေ့ဂယူဗင်းကိုရအောင်လိုက်မည်ဟုဆုံးဖြတ်ထားသည်။ သူတို့ဌာနကိုရောက်တော့"ဝိုး ဝိုး တို့ရုံးရဲ့coupleအသစ်စက်စက်လေးလာပြီ" ဂျောင်ချန်းမင်းမှပြောလိုက်သည်။အားလုံးရဲ့အာရုံကသူတို့စီရောက်လာသည်။ဂယူဗင်းကတော့ခဏ
ကြောင်သွားပြီးမှအသိစိတ်ပြန်ဝင်ကာသူ့နေရာလေးမှာသွားထိုင်သည်။ဝန်ထမ်းတွေအားလုံး
လည်းဂယူဗင်းရဲ့အေးတိအေးစက်နိုင်နေမှုကြောင့်ဆက်မစရဲတော့ပါ။ပုံမှန်ဆိုဒီကလေးကအခုလိုမဟုတ်တာအားလုံးသိနေကြသည်။ရှက်စိတ်ကြောင့်အခုလိုဖြစ်သည်ဟုသာမှတ်ယူလိုက်ကြသည်။ချွမ်ရွေ့ကလည်းချန်းမင်းအားဆက်မစရန်မျက်စပစ်ပြလိုက်သည်။ထိုမှသာသကောင့်သားကခေါင်းလေးပုကာအသံတိတ်ဟုတ်ဟုတ်ဟုလှမ်းပြောသည်။
ချွမ်ရွေ့သူ့ရဲ့အလုပ်စားပွဲမှာထိုင်ပြီးဂယူဗင်းအားတိတ်တိတ်လေးငေးမိသည်။ပြီးတော့သူ့ခေါင်းထဲမှာဂယူဗင်းအားလိုက်ရန်နည်းပေါင်းသောင်းခြောက်ထောင်ကိုစဉ်းစားနေရသည်။အရင်ကဆိုသူ့ကိုမြင်တာနဲ့အပြုံးလေးနဲ့နှုတ်ဆက်တတ်တဲ့ကလေးကပြောင်းလဲသွားပြီ။မနက်ကသူနဲ့
ဓာတ်လှေကားထဲမှာတွေ့တာမျက်နှာချင်းတောင်မဆိုင်တော့ပါ။နှုတ်ဆက်ဖို့ဆိုအဝေးကြီး။
ဂယူဗင်းရဲ့စိမ်းကားမှုတွေကိုတော့ချွမ်ရွေ့မခံနိုင်ရိုးအမှန်ပါ။ချွမ်ရွေ့ချန်းမင်းအားလှမ်းခေါ်
လိုက်သည်။  "ဟေ့ကောင် ချန်းမင်း ဖေ့သားလေးကြွပါအုန်း" "ဗျာလာပြီဌာနမှူးအဖေ"
ချွမ်ရွေ့ ချန်းမင်းအားကြိုဖားထားရသည်။"ချန်းမင်း ငါ့ကိုဂယူဗင်းကစိမ်းကားနေတယ်ကွ"
"ဌာနမှူး ဒါကလေဒီလိုရှိတယ်ဗျ ကျွန်တော်အထင်ပေါ့နော် သူရှက်နေတာဖြစ်မယ်။တစ်ရုံးလုံးသိကုန်တော့" "အဲ့တော့ငါဘယ်လိုလုပ်ရမလဲ သားရေ" "ဟုတ်အဖေဒီလိုလုပ် သူ့နားကိုအားတဲ့အချိန်မှာတောက်တဲ့လိုလေးလိုက်ကပ် ပြီးရင်ချစ်ကြောင်းတတွတ်တွတ်လိုက်ပြော အမ်း
နောက်ပြီးတော့ရည်းစားစာနုနုယွယွလေးတွေရေးပြီးပေးလေ"ချွမ်ရွေ့ချန်းမင်းပြောတာကိုနားထောင်ရင်းသဘောကျနေမိသည်။သူဒီအတိုင်းအကောင်အထည်ဖော်မှရတော့မည်။
"အယ် ဒါနဲ့အဖေ အဖေဒီလိုလုပ်ဖို့ဆိုလေအရှက်မရှိမှရမယ်နော်သိတယ်မှလား"
"အေးရပါတယ် ဂယူဗင်းကိုလိုက်ဖို့ပဲဒီလောက်ကအေးဆေး" "ငါ့သားလေးပင်ပန်းသွားပြီပြောရတာ ရော့မုန့်ဖိုးယူ"ဆိုပြီးဝမ်၅သောင်းတန်နှစ်ရွက်အားထုတ်ပေးလိုက်သည်။" ရေးးတို့အဖေကြီးကိုအချစ်ဆုံးကွ"ဆိုပြီးအော်ကာချန်းမင်းတစ်ယောက်ခုန်ပေါက်ထွက်သွားလေသည်။
ချွမ်ရွေ့နှင့်ချန်းမင်း၏ဆက်ဆံရေးမှာဤသို့သာဖြစ်သည်။တစ်ခါကချန်းမင်းသည်ကိစ္စမရွေး
ချွမ်ရွေ့အား အားတိုင်းလာပြောပြနေသဖြင့်ငါမင်းအဖေလားဟုမေးလိုက်ရာမှသားအဖဖြစ်သွားခြင်းဖြစ်သည်။

နေ့လည်စာစားချိန်တွင်အားလုံးကရုံးကန်တင်းမှာရှိနေကြသည်။ချွမ်ရွေ့ဂယူဗင်းအနားကပ်ကာ
"ဟေး ဂယူဗင်းထမင်းတူတူစားရအောင်"ဟုဆိုပြီးဂယူဗင်းရဲ့စားပွဲမှာဝင်ထိုင်လေသည်။
"ရော့ ငါတို့ဂယူဗင်းလေးက အသားများများစား အသားစားရင်ပိုအရပ်ရှည်လာလိမ့်မယ်"
ထိုသို့ဆိုကာဂယူဗင်းရဲ့ပန်းကန်ထဲအသားတွေကိုထည့်ပေးလေသည်။ဂယူဗင်းပန်းကန်ထဲမှာ
ထမင်းကိုတောင်မမြင်ရတဲ့ထိအသားတွေတောင်လိုပုံနေသည်။ဂယူဗင်းဘာမှမပြောဘဲထမင်းကိုသာငြိမ်ငြိမ်လေးစားနေသည်။"ဂယူဗင်းလေးကြိုက်တဲ့mango juiceလေးလည်းသောက် အခုကတော့ကန်တင်းကဘဲဝယ်လာ နောက်တစ်ခါကိုကို ကိုယ်တိုင်အိမ်မှာလုပ်ပေးမယ်နော်"
ဂယူဗင်းထမင်းတွေသည်းကုန်သည်။ဂယူဗင်းချွမ်ရွေ့ရဲ့ရုတ်တရက်ချိုသာမှုတွေကိုလန့်နေပါသည်ဆို ဘယ်လိုတောင်'ကိုကို'လို့သူ့ကိုယ်သူသုံးလိုက်သည်လဲ။စဉ်းစားမရပါ။ဂယူဗင်းထမင်းသည်းနေတော့ချွမ်ရွေ့ကကျောကုန်းလေးကိုခပ်ဖွဖွပုတ်ပေးသည်။ငြိမ်တော့မှ'ကိုကို့ကလေးလေး ရေလေးသောက်လိုက်'ဟုဆိုကာရေတိုက်ပြန်သည်။ဂယူဗင်းမနေတတ်တော့စွာပုတ်ပေးနေတဲ့လက်အားအတင်းရုံးမိသည်။"ခင်ဗျားဘာဖြစ်ချင်နေတာလဲ ရှန်းချွမ်ရွေ့"
"ကိုကိုက ဂယူဗင့်ကိုကိုဖြစ်ချင်နေတာလေ" "ဟာ့ဗျာ ခင်ဗျားသွားတော့"
"မသွားဘူးကိုကိုကလေ ဂယူဗင်းလေးမုန့်စားလည်းလိုက်မှာ ရေချိုးလည်းလိုက်မှာ ရှူးရှူး
ပေါက်လည်းလိုက်မှာ အီအီးပါလည်းလိုက်မှာ ဂယူဗင်းလေးဘယ်သွားသွားတောက်တဲ့လေးလိုကပ်နေမှာ" "ခင်ဗျားပြောလေဆိုးလေပါလား ရတယ်လေ ခင်ဗျားမသွားလည်းကျွန်တော်သွား
မယ်"ထိုသို့ပြောပြီးဂယူဗင်းထွက်သွားတော့သည်။ချွမ်ရွေ့ဂယူဗင်းနောက်ကျောပြင်အားပြုံးပြုံးလေးလိုက်ကြည့်မိသည်။မနက်ကလိုအခြေအနေထက်စာရင်အခုလိုရန်တွေ့နေတာလေးကတော်သေးသည်။

ဒီတရုတ်စိတ်တိုဌာနမှူးကြီးကကျွန်တော့်ကိုချစ်တယ်တဲ့Unde poveștirile trăiesc. Descoperă acum