❤️

206 21 0
                                    



ရှန်းချွမ်ရွေ့တို့ကင်မ်ဂယူဗင်းနဲ့အဆင်တွေပြေနေသောကြောင်အူမြူးနေရသည်။ဒီကလေးကိုလိုက်ပိုးပန်းနေတာတိုးတက်လာပြီဟုသူခံစားရသည်။စကားကိုလည်းရည်ရည်မွန်မွန်လေးပြန်ပြောလာသည်။ကိုကိုလို့တော့အကျပ်ကိုင်ခေါ်ခိုင်းနေရဆဲဖြစ်သည်။ဂယူဗင်းကိုချွမ်ရွေ့တကယ်စိတ်မချတော့ပါ။တစ်နေ့ထက်တစ်နေ့ချစ်ဖို့ကောင်းလာတဲ့သူ့ကလေးလေးကိုသူများလက်တော့အပါမခံနိုင်ပါ။သူ့ကလေးလေးသည်သူ့အပိုင်သာဖြစ်ရမည်။ချွမ်ရွေ့သည်ဂယူဗင်းနဲ့ပိုနီးကပ်စေဖို့အခွင့်အလမ်းလေးတစ်ခုဖန်တီးနေမိသည်။သူ့ကလေးလေးနှင့်အတူတူခရီးထွက်ခြင်းဖြစ်သည်။နှစ်ယောက်သားပိုနီးကပ်စေရန်အချင်းချင်းရိုင်းပင်းရမည့်တောင်တက်ခရီးစဉ်အားစီစဉ်
သည်။ချွမ်ရွေ့သည်ခရီးစဉ်လေးအားစီစဉ်ရင်းကြည်နူးနေမိသည်။
"ဂယူဗင်းနားး" ချွမ်ရွေ့တစ်ယောက်ပျားရည်တွေအများကြီးစမ်းထားသလိုအသံဖြင့်ဂယူဗင်း
အားခေါ်လိုက်ခြင်းဖြစ်သည်။
"ဂယူဗင်းနား ကိုကိုတို့ဒီအားလပ်ရက်ခရီးထွက်ရအောင်နော်"
"ခရီးဟုတ်လား ဘယ်ကိုလဲ"
"ဒီအနားတစ်ဝိုက်ကတောင်ပါ အပန်းဖြေစခန်းပါတွဲဖွင့်ထားတာလေ"
"အာသိပြီ စရိတ်စခတွေ ခင်ဗျားခံရင်တော့ကျွန်တော်စဉ်းစားပါ့မယ်"
"ပါပီလေးကလည်း လိုက်ခဲ့ပါလို့"ရှန်ချွမ်ရွေ့သည်ageyoတွေထုတ်သုံးပြီးပြောနေခြင်းဖြစ်
သည်။အရင်ကဆိုမျက်နှာဆူဆူပုတ်ပုတ်နဲ့လူကအခုတော့တခြားတစ်ယောက်လိုပါဘဲလားဟု
ဂယူဗင်းတွေးမိသည်။စိတ်ထဲတော့ထူးဆန်းမိပေမဲ့တကယ်ကြီးချစ်ဖို့ကောင်းနေတာကြောင့်
မလွန်ဆန်နိုင်တော့ပါ။အခုတလောဂယူဗင်းသည်ချွမ်ရွေ့အားချစ်မိနေပြီဟုခံစားမိသည်။
ချွမ်ရွေ့၏အသေးအဖွဲကအစဂရုစိုက်မှုတွေကြောင့်လည်းဖြစ်နိုင်သည်။ဒီလောက်နတ်ဘုရား
တစ်ပါးလိုချောမောတဲ့လူကကိုယ့်ကိုချစ်ပြီးဂရုစိုက်ပေးရင်ဘယ်လူသားကခံနိုင်ပါ့မလဲ။
ဂယူဗင်းလည်းမလွန်ဆန်နိုင်စွာဖြင့်
"အွန်း အွန်းလိုက်ခဲ့မယ်" 
"သေချာပြင်ဆင်ထားနော်ကလေးလေးကိုကိုလာခေါ်မယ်"
"ဟုတ်ကဲ့"ဂယူဗင်းချွမ်ရွေ့ကိုချစ်မိနေသည်ဟုသိလိုက်သည့်အချိန်မှစ၍ကန့်လန့်သိပ်မတိုက်
ဖြစ်တော့ပါ။အရာရာကိုကောင်းကောင်းမွန်မွန်လေးပဲပြောဖြစ်ပါသည်။

ဒီတရုတ်စိတ်တိုဌာနမှူးကြီးကကျွန်တော့်ကိုချစ်တယ်တဲ့Where stories live. Discover now