🍓💋

250 24 1
                                    



Part(3)

"ဌာနမှူးရှန် သူက ကင်မ်ဂယူဗင်းပါ ကျွန်တော်တို့ဌာနရဲ့အသစ်လေး"
"အာညော်ဟာဆယ်ယို ကျွန်တော့်ကိုခုဏကကူညီပေးလို့ကျေးဇူးပါဗျ ဌာနမှူးရှန်"
'ဒီပါပီပေါက်စကားကိုဘယ်လိုတောင်ချစ်ဖို့ကောင်းအောင်ပြောနေတာလဲကွာ။လူကိုအသည်းယားအောင်'ရှန်းချွမ်ရွေ့ရဲ့စိတ်ထဲမှာတော့အဝါရောင်ပါပီပေါက်ကိုအသည်းတွေယားပြီးအားဘွားတွေအကြိမ်ကြိမ်ပေးနေသည်။
"ကိုယ်ကရှန်းချွမ်ရွေ့ပါ တစ်ဌာနထဲဖြစ်သွားပြီဆိုတော့တစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်ကူကူညီညီနေကြတာပေါ့"
"ဟုတ်ကဲ့ပါဗျ"
ချွမ်ရွေ့သည်ဂယူဗင်းအားပြုံးပြုံးကြီးစိုက်ကြည့်ရင်းထိုစကားကိုပြောလိုက်တာကြောင့်
ဂယူဗင်းခမျာကြက်သိမ်းပါထသွားသည်။
'ဘာလဲဟဒီလူ ယောကျာ်းဆန်ပြီးကြည့်ကောင်းတာမှန်ပေမဲ့ လူကိုရွန်းရွန်းစားစားကြီးကြည့်နေတာကလန့်စရာကြီး'
ဌာနမှူးရှန်ရဲ့ရှေ့မှာရပ်နေတဲ့ဂျောင်ချန်းမင်းကချောင်းတစ်ချက်ဟန့်ကာအကြည့်ချင်းဆုံနေတဲ့
နှစ်ယောက်ကိုသတိဝင်စေလိုက်သည်။ချွမ်ရွေ့ကတော့မကျေမနပ်ဖြစ်သွားပြီးဂယူဗင်းကရှက်
ရယ်ရယ်ပြီးဂုတ်ပိုးလေးကိုပွတ်လေသည်။
'ဒီကောင်ဂျောင်ချန်းမင်းသာသနာဖျက်တယ်။အဲ့တာကြောင့်Faကောင်ဖြစ်နေတာ'
ချွမ်ရွေ့သူ့ရှေ့မှချန်းမင်းကိုကြည့်လိုက်ရင်း
"ဘာပြောမို့လဲ" "ကျွန်တော်တို့လူသစ်လေးရောက်လာတော့ညနေကျအားလုံးရင်းရင်းနှီးနှီး
ဖြစ်သွားအောင်ညစာစားပွဲလေးလုပ်ရအောင် ဌာနမှူး"
အလုပ်ခွင်တွေမှာလူသစ်တစ်ယောက်ရောက်လာရင်ကြိုဆိုပွဲလုပ်ပေးသည်မှာထုံးစံဖြစ်သည်။
ဒီတစ်ခါတော့ချွမ်ရွေ့ချန်းမင်းကိုစိတ်ထဲမှချီးကျူးလိုက်သည်။'ဒီကောင်ဒါမျိုးကျတော်သား
ညကျရင်တော့ပါပီပေါက်ကိုတဝငေးလို့ရပြီ'  ချွမ်ရွေ့တစ်ချက်ကြိတ်ပြုံးလိုက်မိသည်။
"ကောင်းပြီ ညနေကျလူစုထားငါဒကာခံမယ်"
"ဟုတ်ကဲ့ပါချစ်ဆရာ ငါတို့ဌာနမှူးအကောင်းဆုံးကွ"
"မင်းဒါမျိုးကျတတ်တယ် အလုပ်ကိုလည်းသေချာလုပ်အုန်း"
"ဟဲဟဲ ဟုတ်ကဲ့ပါဆရာ ကျွန်တော်တခြားလူတွေကိုသွားပြောလိုက်အုန်းမယ်"
"ကြွကြွ" ဂယူဗင်းမှာချွမ်ရွေ့ကိုကျေးဇူးတင်မိသွားသည်။
"ကျေးဇူးပါနော် ဌာနမှူးရှန် ကျွန်တော့ကိုအခုလိုကြိုဆိုပေးတဲ့အတွက်"
"ရပါတယ် မင်းလည်းအလုပ်သွားလုပ်လို့ရပြီနော်"
"ဟုတ်" တကယ်တော့ချွမ်ရွေ့မှာဂယူဗင်းအားအနားမှာရှိနေစေချင်သေးပေမဲ့ဂယူဗင်းနဲ့
နှစ်ယောက်ထဲရှိနေတော့သူ့နှလုံးခုန်သံတွေမြန်နေသည်။ဂယူဗင်းမျက်လုံးတွေကိုကြည့်မိရင်ပို
ရင်ခုန်လို့အခုလိုပြောလိုက်မိသည်။
ဂယူဗင်းသူ့နေရာကထွက်သွားတော့ချွမ်ရွေ့သည်သူ့ဝဲဘက်ရင်ဘတ်ကိုဖိကာတစ်ယောက်ထဲပြုံးစိစိဖြစ်နေသည်။
'ရှန်းချွမ်ရွေ့ရာမင်းတော့တော်တော်fall in loveနေပြီ'

ဒီတရုတ်စိတ်တိုဌာနမှူးကြီးကကျွန်တော့်ကိုချစ်တယ်တဲ့Where stories live. Discover now