😘🥊

202 21 2
                                    


Song recommend True Love by Pink

ချွမ်ရွေ့ဘဝမှာသရဲကိုတစ်ခါမှမမြင်ဖူးခဲ့တာကြောင့်သရဲကိုမကြောက်ခဲ့ပါ။တကယ်တမ်းမြင်လိုက်ရတော့လည်းလန့်ပြီးမေ့လဲသည်အထိ။လင်တရူးတဲ့သရဲမကြောင့်ဂယူဗင်းကိုဖွင့်ပြောတာကရုတ်တရက်ဆန်သွားခဲ့ပြီးအလန့်တကြားနဲ့တစ်ရုံးလုံးပါသိကုန်သည်။ရုံးပြန်တက်ရင်အစခံရတော့မှာမို့ချွမ်ရွေ့ငိုချင်နေသည်။ဒါပေမဲ့ကံကောင်းသည်ကဂယူဗင်းကိုဖက်ခွင့်ရလိုက်သည်။
ထိုသရဲမကိုတော့နတ်ဆရာမခေါ်ပြီးနှင်လိုက်ပြီဟုချန်းမင်းကပြောသည်။တကယ်လို့ရှိသေး
ရင်ချွမ်ရွေ့သရဲမတွေဘာတွေနားမလည်နိုင်တော့ပါ။ဂယူဗင်းအားလုရင်သရဲလည်းဂုတ်ချိုး
သတ်မည်ဖြစ်သည်။
အခုချွမ်ရွေ့ဆေးရုံမှာရောက်နေသည်။နိုးနေတာကြာပါပြီ။ဒါပေမဲ့ဂယူဗင်းကခုတင်ဘေးထိုင်ခုံမှာငုတ်တုတ်လေးအိပ်ပျော်နေတာကြောင့်မထတာဖြစ်သည်။ဂယူဗင်းအားခိုးကြည့်တဲ့
အချိန်များသည်ချွမ်ရွေ့ဘဝ၏အပျော်ဆုံးအချိန်များဖြစ်သည်။ချစ်ဖို့ကောင်းတဲ့ဂယူဗင်းရဲ့
ပုံရိပ်လေးတွေကိုမျက်လုံးနဲ့ဓာတ်ပုံရိုက်ကာနှလုံးသားထဲသိမ်းဆည်းနေမိသည်။ကြည့်လို့
တောင်မဝသေးပါပီပေါက်ကနိုးသွားပြီ။မျက်လုံးလေးကိုပွတ်ကာတဝါးဝါးသမ်းလိုက်သည်။
ခဏနေတော့သူ့ကိုမြင်သွားပုံရပြီး
"ဌာနမှူးရှန် သတိရလာပြီလား"
"အွန်း" ဂယူဗင်းကသူ့ကိုခဏအကဲခတ်သလိုကြည့်ကာနောက်ပြီး
"ကျွန်တော်ဆရာဝန်သွားခေါ်လိုက်အုန်းမယ်"
"ရတယ်နေပါ ကိုယ့်ရောဂါကဂယူဗင်းဆိုတဲ့ကောင်လေးပေးလို့ဂယူဗင်းကဘဲကုသနိုင်မှာ"
"ခင်ဗျားဦးနှောက်ပျက်သွားပြီလားဗျ မနက်ကထဲကပေါက်ကရတွေပြောပြီးရုံးထဲထအော်နေတာ"
ချွမ်ရွေ့ပါပီပေါက်၏ခင်ဗျားဟုခေါ်တတ်သည့်နာမ်စားအားသဘောကျမိစွာပြုံးပြီး
"မင်းကိုယ့်အချစ်ကိုပေါက်ကရလို့မပြောပါနဲ့ နှုန်းသားလေးကနာကျင်လို့"ဟုဆိုကာဝဲဘက်ရင်ဘတ်ကိုလက်နဲ့ထိုးပြလေသည်။
တကယ်တတ်လည်းတတ်နိုင်တဲ့လူဟုသာဂယူဗင်းတွေးမိပါတော့သည်။အရင်လို
မျက်စောင်းတခဲခဲဖြင့်တရုတ်စိတ်တိုကိုသာပြန်ခေါ်မိချင်သည်။အခုချွမ်ရွေ့အားထူးဆန်းလွန်းလို့ပါ။ဒီတရုတ်စိတ်တိုဌာနမှူးကြီးကကျွန်တော့်ကိုချစ်တယ်တဲ့။ဒါကဖြစ်နိုင်လို့လား။အရင်ကတော့သူ့ကိုဆူလိုက် အော်လိုက် မျက်စောင်းခဲလိုက်ဖြင့် အခုမှအခြားသူတစ်ယောက်လိုပြောင်းလဲသွားသည်။ဂယူဗင်းတော့တရုတ်စိတ်တိုသူ့ကိုချစ်တယ်ဆိုတာအံ့ဩလွန်းလို့ပါ။ယုံလည်းမယုံနိုင်ဖြစ်ရတယ်။
"ခင်ဗျားကို ကျွန်တော်မယုံဘူး လူတစ်ယောက်ကဒီလောက်ထိအပြောင်းအလဲမြန်လို့လား"
"မင်းမယုံရင် ကိုယ်ကယုံအောင်လုပ်ပေးမယ်။ပြီးတော့ကိုယ်မင်းကိုချစ်လာတာတစ်နှစ်ကျော်ပြီ။စတွေ့တဲ့နေ့ကတည်းကအခုချိန်ထိပဲ။ကိုယ့်ရင်ခွင်ထဲမတော်တဆတဲ့ရောက်လာတဲ့မင်းလေးကကိုယ့်နှလုံးသားကိုစတွေ့တဲ့နေ့ကတည်းကစိုးမိုးလာတာ"
"ဗျာ ခင်ဗျားမဟုတ်တာမပြောပါနဲ့ ခင်ဗျားမရှက်ပေမဲ့ကျွန်တော်ရှက်တယ် အခုလည်းရုံးမှာ
ကျွန်တော်တို့အကြောင်းပြောနေလောက်ပြီ"
ပြောရင်းဂယူဗင်းဟာထငိုပါတော့သည်။ချွမ်ရွေ့လည်းဂယူဗင်းကြောင့်လန့်သွားကာငိုနေတဲ့အာပေတူးကိုရင်ခွင်ထဲထည့်ကာနှစ်သိမ့်မိသည်။မျက်လုံးလေးတွေကနီရဲလာပြီးနှခေါင်းလုံးလုံးလေးတွေပါနီလာသည်။နှာတရှုံ့ရှုံ့နဲ့ငိုနေတဲ့ဂယူဗင်းဟာချစ်စဖွယ်အတိပင်။
"မငိုပါနဲ့ ဂယူဗင်းရာ ကိုယ်ရင်တွေနာလို့ပါ"
"ခင်ဗျားလိုလူကဘယ်နားလည်မလဲဗျ ကျွန်တော်ရဲ့rsဘဝလေးကိုအများကြီးစိတ်ကူးယဉ်ထားတာခုတော့ ကျွန်တော်တို့ကို လူတွေကအထင်လွဲတော့မယ်"
"အဲ့ကျရင်ကျွန်တော့်စိတ်ကူးလေးပျက်ပြီ"
ချွမ်ရွေ့ဂယူဗင်းရဲ့အတွေးလေးကြောင့်ထရယ်ပါတော့သည်။
"ဟားဟားကိုယ်ကအကောင်းမှတ်လို့လေ စိတ်မပူပါနဲ့မင်းရဲ့စိတ်ကူးယဉ်rsဘဝကို ကိုယ်နဲ့
အကာင်အထည်ဖော်လို့ရတယ်"
"ခင်ဗျားကိုချစ်တယ်လို့ဘယ်သူကပြောလို့အကောင်အထည်ဖော်ရမှာတုန်း"
"အခုမပြောပေမဲ့ နောက်ပြောအောင်လုပ်မှာမို့ အခုကစပြီးမင်းကိုယ့်ကိုလက်မခံမချင်း
ပိုးပန်းတော့မှာ အဆင်သင့်ပြင်ထားပါကိုယ့်ပါပီပေါက်လေး"
"ဘယ်သူက ခင်ဗျားပါပီပေါက်လည်းလို့ "စိတ်တိုစွာထအော်တဲ့ဂယူဗင်းကြောင့်ချွမ်ရွေ့
အသည်းယားစွာဆံပင်လေးကိုဖွကာပါးနုနုအားဖက်နမ်းမိပါတော့သည်။
'ခွပ်'ဂယူဗင်းကချွမ်ရွေ့ပါးအားထိုးလိုက်ခြင်းဖြစ်သည်။
"အားပါးပါး နာလိုက်တာဂယူဗင်းရာ"
"ခင်ဗျားဘာလို့ လာနမ်းလဲ"
"ချစ်လို့"
"နောက်ထပ်နမ်းရင်ထိုးမှာနော် တစ်ခါနမ်းရင်တစ်ချက်"
"ရတယ် ရတယ် အထိုးခံပြီးကိုနမ်းအုန်းမှာ တန်တယ်"

ဒီတရုတ်စိတ်တိုဌာနမှူးကြီးကကျွန်တော့်ကိုချစ်တယ်တဲ့Where stories live. Discover now