Part.34

11K 1.3K 148
                                    

ညချမ်းအချိန်အခါ Royalblue၏နန်းတော်ရင်ပြင်
၌တစ်စတစ်စ လူစည်ကားလာခဲ့သည်။နန်းတော်
တစ်ခုလုံးရောင်စုံမီးသီးမီးပန်းများပန်းရောင်စုံ
များဖြင့်ရူမငြီးနိုင်အောင်အလှဆင်ထားပြီး ၊တယောထိုးသံ ငြိမ့်ငြိမ့်ညောင်းညောင်းလေးသည်
ပတ်ဝန်းကျင်တစ်ခွင် ဖုံးလွှမ်းနေ၏။ ဧည့်သည်
တွေတစ်ဖွဲဖွဲရောက်လာကျသလို၊ကြိုဆိုဧည့်ခံရေး
အဖွဲ့သည်လည်းလက်မလည်နိုင်အောင်အလုပ်ရှုပ်
နေတော့သည်။အင်ပါယာဘုရင်မကြီးရဲ့အထူး
ဂုဏ်ပြုညစာစားပွဲ့မို့...နယ်ပယ်အသီးသီးရှိအရေး
ပါအရာရောက်သူတိုင်းမဖြစ်မနေပွဲတက်ကျရသည်။ဒီအတွက်လုံခြုံရေးကိုလည်းနှစ်ဆတိုး
မြှင့်ထားတယ်။စာနယ်ဇင်း သတင်းသမားတွေ၊
ရုပ်သံရိုက်ကူးရေးတွေအတွက်လည်းလွတ်လပ်
စွာသတင်းရယူခွင့်ပေးထားတယ်။

အဝတ်လဲခန်းတွင်တော့ Taehyungအနည်းငယ်ပြာယာခတ်နေ၏။ သူ့ကိုယ်တိုင်းနဲ့ကွက်တိချုပ်
ပေးထားတဲ့ ဘောင်းဘီမှာလည်း အခုမှကျပ်ချင်
ချင်။မကျပ်ပဲနေမလား...သူ့ဗိုက်တစ်နေ့တစ်ခြား
ပိုပိုပူလာသလို၊ခါးလေးကလည်းတုပ်ချင်ချင်။
အရင်ကဆိုကျိတ်မှိတ်သည်းခံ ပြီးဝတ်လိုက်ဦးမယ်။အခုကိုယ်လေးလက်ဝန်ကြောင့်သူကိုယ်တိုင်
ကျပ်ကျပ်တည်းတည်းအဝတ်အစားများကိုမဝတ်
ချင်တော့။Elisaကိုဒီဇိုင်နာဆီလွှတ်ပြီးအမြန်သွား
ပြင်ခိုင်းရတယ်။

သူကတော့ ဘဲဥပုံမှန်ရှေ့ထိုင်ရင်းCrownနဲ့လိုက်
မဲ့ စိန်နားကပ် ပွင့်သေးသေးလေးကိုဝတ်ဆင်လိုက်သည်။ပြူးပြူပြဲ ပြဲ ၊တောက်တောက်ပြောင်
ပြောင်မျိုးတွေမဟုတ်ဘဲ၊ မြင်လိုက်တာနဲ့ ကန်
ရေပြင်လိုတည်ငြိမ်အေးချမ်းတဲ့အလှမျိုးကို
ပိုင်ဆိုင်ထားသည်မှာလည်းစိတ်ကျေနပ်ဖွယ်ရာ။
ကိုယ့်ကိုကိုယ်မှန်ထဲ ကြည့်ပြီးဂုဏ်ယူနေခိုက် အခန်းတံခါးကျွီကနဲ ပွင့်လာခဲ့သည်။စိတ်ထဲElisaပြန်ရောက်တာမြန်သားပဲ ဟုထင်လိုက်သော်ငြား၊နောက်လှည့်ကြည့်လိုက်ချိန်မထင်မှတ်ထားစွာMonaဖြစ်နေပြန်သည်။

"ဘုရင်မ...."

အေးစက်စက်မျက်နှာထက်စူးရဲရဲမျက်ဝန်းတွေ
မှာရက်စက်ကြမ်းကြုတ်မူ့တွေကိန်းခိုနေသလို။
လူသတ်နိုင်တဲ့အငွေ့အသက်ကြောင့် ကျောထဲထိ
စိမ့်ကနဲ။အစောင့်အကျပ်တွေများတဲ့Lilywhit
ထဲ Monaဘယ်လိုရောက်အောင်ဝင်ခဲ့တာလဲ။
အခန်းလယ်မတ်တပ်ရပ်နေတဲ့Monaအား သရဲတစ်ကောင်လိုပင်Taehyungထင်မြင်လာမိ၏။

Queen ConsortWhere stories live. Discover now