Part.11

12.3K 1.4K 208
                                    

ဒီဖိုင်းရိုး၏မြို့လည်တည့်တည့်တွင် ကြီးမားတဲ့
လင်းယုန် ပန်းပုရုပ်ထုကြီးတွေရှိတယ်။အင်ပါယာ
ရဲ့ သင်္ကေတ အဖြစ်စွမ်းအားကြီးအမဲလိုက်မုဆိုး
လင်ယုန်တွေအား ကြီးမြတ်မူ့ဖြင့်တင်စား
ဖော်ကျူးကျသည်။
ကျောက်ရုပ်ထုလင်းယုန်ငှက်ကြီးမှာအလွန်ပင်
လက်ရာမြောက်လှ၏။တောင်ပံနှစ်စုံဖြန့်ကျက်
ထားသည်မှာလည်းလေပေါ်ကိုဝဲ ပျံတက်တော့
မည့်အတိုင်း။

မြို့တော်ဝန်ရုံးမှာထိုငှက်ရုပ်ထုကြီး၏မလှမ်းမ
မကမ်းတွင်တည်ရှိသည်။အင်ပါယာတစ်ခုလုံး၏စီမံခန့်ခွဲရေးအဖြာဖြာကိုမြို့တော်ဝန်ရုံးကချုပ်ကိုင်ထားသည်။အခုလက်ရှိ ဝန်ကြီးမှာCharlieဖြစ်ပြီီးလုပ်ရည်ကိုင်ရည်ပြည့်ဝကာစည်းကမ်းလည်းတင်းကျပ်တယ်။အထူးသဖြင့်...အင်ပါယာဘုရင်ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်ကာမျက်နှာသာပေးမူ့ကိုလည်းအပြည့်အဝ
ရရှိထား၏။ ဒါ့ကြောင် သြဇာအရှိန်အ
ဝါကလည်းမသေး။ ထူးချွန်မစ်ရှစ်တွေအများ
ကြီးထမ်းဆောင်ခဲ့သည်ကြောင့်အင်ပါယာ
ဘုရင်မှ သူရဲကောင်းဘွဲ့ပေးကာချီးမြှင့်မြှောက်စားထားသည်။

အထပ်မြင့်ရှိCharlie၏ရုံးခန်းမှာသန့်ရှင်းသပ်ရ
ပ်ပြီးဖိုင်တွဲများကိုခုနှစ်အလိုက်စနစ်တကျထား
ရှိသည်။အလုပ်စားပွဲပေါ်ထက် ရွှေရောင်ဘုတ်
ပြားဖြင့် နာမည်နှင့်ရာထူးအား ယှဥ်တွဲရေးထိုးထား၏။

"ဝန်ကြီး....Jass တွေ့ခွင့်တောင်းနေပါတယ်"

အတွင်းရေးမှူးမလေး အကြောင်းကြားလာသည်
ကြောင့်ခေါင်းညိမ့်ကာအတည်ပြုပေးလိုက်သည်။
ကြားရမည့်သတင်းအပေါ်Charlieအနည်းငယ်
တော့ရင်ခုန်စိတ်လှုပ်ရှားမိသား။တော်ရုံနန်းတွင်း
ရေးရာကိစ္စများကိုJassက ဖုန်းဆက်သွယ်သတင်း
လှမ်းပေးသော်လည်းဒီတစ်ခေါက်မှာတော့လူကိုင်
တိုင်ရောက်လာခဲ့ပြီ။ ထိုသတင်းကိုနားနဲ့ဆတ်ဆတ်ကြားရဖို့သူစိတ်မရှည်နိုင်။လက်
နှစ်ချောင်းထဲဘော့ပင်ညှပ်ကာဂဏာမငြိမ်လှည့်
နေမိသည်။

.ကျွီကနဲတံခါးဖွင့်သံနဲ့အတူJass ရုံးခန်းထဲဝင်လာ
ခဲ့သည်။ပင်ကိုယ်ရုပ်ဖျက်ထားသည်ကြောင့်...
အသက်ကြီးကြီးမိန်းမသားကြီးအသွင်။ Charlie
ကလွဲ ဘယ်သူမှJassကိုရိပ်မိမည်မဟုတ်။

Queen ConsortWhere stories live. Discover now