Part.31

12.7K 1.5K 278
                                    

"သောက်သုံးမကျတာ...သတ်ခိုင်းတဲ့ကောင်တွေ
ရော၊ Nan subinပါ ဘယ်ရောက်သွားမှန်းမသိ
ဘူးဆိုတာဘာခွေးစကားပြောတာလည်း..."

ဒေါ သထွက်ထွက်နဲ့အော်လိုက်တဲ့Charlieအသံက
ရုံးခန်းတစ်ခုလုံးတုန်ခါသွားရသည်။မစ်ရှင်တစ်ခု
မပြီးမြောက်ခြင်းသည်သင့်အရည်အချင်းညံဖျင်း
မူ့ဆိုတာကို မမေ့ပါနဲ့ ဆိုတဲ့စကားလုံးနီကြီးကသူ့
ရှေ့မျက်ဝါးထင်ထင်ကြီးပေါ်လာခဲ့၏။ သူ့ရှေ့ရှိကင်းထောက်လူငယ်မှာမတုန်မလှုပ်ကျောက်ရုပ်
ဖြစ်မြဲသာ။

"ဟို..ငတုံးနှစ်ကောင်ရော ဘယ်သွားတယ်လို့သတင်းရလဲ..."

"အလည်အပတ်ထွက်တယ်ဆိုတဲ့စကားကလွဲ၊
ဘာသတင်းအတိအကျမှမရပါဘူး။King Jeonဘက်တော်သားလူ တွေကလည်းအရမ်း
နှုတ်လုံတော့၊ သတင်းနှိုက်ရခက်တယ်။တရားဝင်တိတိကျကျထုတ်ပြန်ထားတာဆိုလို့၊
အင်ပါယာဘုရင်မ ကိုယ်လေးလက်ဝန်လွယ်ထား
ရပြီဆိုတဲ့အကြောင်းပဲ ပါတယ်"

ဒီအကြောင်းကလွဲRoyal blueမှာဘာအရေးကြီး
သတင်းတစ်ခုမှမတက်ဘူးလေ။King Jeon...
Kim Taehyungအပေါ်အမှတ်အသားပေးရုံလောက်ပဲထင်ထားတာ။အခုတော့မြန်မြန်ဆန်
ဆန် အဆင့်တက်ပြီးKnotပါလုပ်ခဲ့တယ်လား။
အစောတည်းက... စိတ်ကြွဆေးတိုက်ပြီးMona
ဆိုတဲ့ခွေးမနဲ့အိပ်ခိုင်းခဲ့ရမှာ။ဒီလိုဆိုKim Taehyung ရဲ့သနားစရာမောက်မာတဲ့ဂုဏ်ဘယ်
နားသွားထားမလဲ။Kim ညီအစ်ကိုတွေက ရောသူ့ညီအတွက်ငြိမ်ခံမယ်တဲ့လား။အဲ့ကျစစ်တပ်နဲ့
အုပ်ချုပ်သူ ဘုရင်ကြားပြသနာတက်လာရင်၊
ဂွင်ဆင်ပြီးKimမိသားစုအပေါ်အပြစ်အားလုံးပုံ
ချရုံပဲ။

"တောက်....."

တွေးလေ ထွက်ပေါက်ပိုကျဥ်းကျပ်လေဖြစ်သော
ကြောင့်...Charlie မကျေမနပ်*တောက်*ခေါက်
မိလိုက်တယ်။

"ဒီထက်ပို.အတွင်းသတင်းရအောင်စုံစမ်းထား၊
အထူးသဖြင့် ဟိုငတုံးနှစ်ကောင်ဘယ်နေရာမှာ
ရှိနေလဲဆိုတာပိုသိချင်တယ်၊ငါပြောတာကြား
တယ်မလား...သွား...မြန်မြန်"

ကင်းထောက်ရဲဘော်လေးမှာ Charlieအားအမြန်
အဆန်အလေးပြုရင်းရုံးခန်းထဲကနေထွက်သွား
တော့သည်။ကျန်ခဲ့တဲ့Charlieမှာသာကယောင့်
ကယက်။စိတ်ပြေလိုပြေငြား....စင်ပေါ်တင်ထား
တဲ့အရက်ပုလင်းအဖုံးကိုဖွင့်ကာတစ်ကျိုက်မော့
သောက်လိုက်တယ်။

Queen ConsortWhere stories live. Discover now