Part.17

12.9K 1.6K 103
                                    

Jungkookဆီမှခွင့်ပြုချက်ရသည်နှင့် Taehyung
အိပ်ခန်းဆောင်ဆီတန်းပြန်လာခဲ့သည်။အလွန့်ကို
ကျယ်ဝန်းသည့်Goldenပင်မနန်းဆောင်အပေါ်
ထပ်အခန်းတွေသည် လူမရှိသည့်အတိုင်းဆိတ်
ငြိမ်လွန်းလှ၏။
အပါးတော်မြဲ Elisaအားခေါ်ကာအစ်ကို Namyoungကြိုက်တတ်သည့်စွန်ပလွံသီးတွေအပြင်၊ချိစ်အရသာပါတဲ့ မုန့်ချိုတွေအား အမြန်
ပြုလုပ်စေတယ်။Rosaကတော့ ဗီဒိုရှင်းပေါ့။
Taehyung မကြိုက်လို့ဂျော​င်ထိုးတဲ့အင်္ကျီတွေ
ရော၊တစ်ခါသုံး အဝတ်အစားအသုံးအဆောင်
ပစ္စည်းတွေပါ ပေါင်းလိုက်ရင်စတိုးဆိုင်တစ်ဆိုင်
ကောင်းကောင်းဖွင့်လို့ရတယ်။ တစ်ချို့ အင်္ကျီ
တွေဆို ချမ်းသားလွန်းပါတယ်ဆိုတဲ့ ဘောစိ
တွေတောင် မဝယ်နိုင်တဲ့ ရှားပါးဝတ်စုံဒီဇိုင်းတွေ။

Rosaနဲ့အခြားအပျိုတော်တစ်သိုက် ဗီဒိုရှင်းအင်္ကျီ
ခေါက်နေစဥ်၊Taehyungကတော့သွားဖို့လာဖို့ပြင်
ဆင်ရေမိုးချိုးတော့သည်။ သူ ပြန်ထွက်လာတော့
အင်္ကျီအဝတ်အစားအားလုံးစီစီရီရီခေါက်ပြီးသား။

"အရှင်... အားလုံး ပြီးပါပြီ"

"ဒီအဝတ်အစားအားလုံးကိုအိတ်နဲ့ထုပ်ပြီး
Monaအဆောင်ကိုသွားပေးလိုက်။ဘာလုပ်ရ
မလဲဆိုတာ သူကောင်းကောင်းသိတယ်"

"ဟုတ် အရှင် ....ကျွန်မ အမြန်ဆုံး ဆောင်ရွက်လိုက်ပါ့မယ်"

Rosaမှာတက်တက်ကြွကြွအမိန့်နာခံပြီး အခြား
အပျိုတော်တွေနဲ့အတူ အိပ်ခန်းဆောင်ကနေ
ထွက်သွားတော့သည်။Taehyungသည်လည်း
အချိန်ဆွဲမနေ။King Jeon ကိုယ်တိုင် အဆင်သင့်
လုပ်ထားဟု ရာဇသံပေးထားသည်ကြောင့် ခပ်
မြန်မြန်ဖြီးလိမ်းပြင်ဆင်လိုက်သည်။အနက်ရောင်
အင်္ကျီခပ်ပျော့ပျော့အသားနဲ့ ဂျင်းနက်အားတွဲ.
ဝတ်လိုက်သည်ကြောင့် Taehyungအရပ်မှာပို
ရှည်သွားသယောင်။ဂုတ်ထောက်လု ရွှေဝါရောင်
ဆံပင်လေးတွေက Taehyung၏ လှပတင့်တယ်မူ
ကိုပိုမို အားဖြည့်ပေးထားသည်။မှန်ထဲရှိပုံရိပ်
ယောင်အားကြည့်ကာ...Taehyungနှုတ်ခမ်းတွေ
နှစ်လိုဖွယ်ကောင်းအောင်ပြုံးရယ်နေမိ၏။

အခုလောက်​​ဆို...သူ့လက်ဆောင်ကို မြင်ပြီး
King Jeon အချစ်တုံးလေးMonaဆွေ့ဆွေ့ခုန်နေရောပေါ့။နောင်အနာဂတ်မှာလည်း...Monaမှ
မဟုတ်သူ့ကိုရိုက်ချဖို့ကြိုးစားတဲ့ဘယ်သူ့ကိုမဆို
တုံ့ပြန်တိုက်ခိုက်ဖို့ဝန်မလေး။

Queen ConsortWhere stories live. Discover now