Part.2

13K 1.4K 166
                                    

Goldenပင်မ နန်းဆောင်မှာသုံးထပ်နန်းဆောင်ကြီးဖြစ်ပြီးLily Whiteထက်ပိုပြီးရိုးကာအမြင်ရှင်းသည်။အဆောက်အဦးပိုင်းက အညိုရောင်ခပ်မှိုင်းမှိုင်းဆိုပေမဲ့အတွင်းပိုင်းအပြင်အဆင်ကတော့ နန်းတော်ဂုဏ်ဒြပ်အပြည့်ပါပဲ။မြင်ကွင်းအရှေ့ဘက်နန်းတော်ပရဝဏ်အတွင်း နိုင်ငံတော်အလံတစ်လူလူလွင့်နေပြီးလုံခြုံရေးစစ်အင်အားအပြည့်။အတွင်းဘက်ပိုင်းတွင်ရွှေရောင်ကော်ဇော်အပြည့်ခင်းထားကာတန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းများအပြင်၊ရှေးဟောင်းဗိသုကာအမွေအနှစ်များဖြင့်ကြွကြွရွရွအလှဆင်ထားသည်။

Kim သည် ထိုလှေကားကွေ့တွေအတိုင်းအပေါ်ထပ်King Jeonရှိရာအလုပ်ခန်းသို့တက်လာ
ခဲ့သည်။ခြေလှမ်းတွေကအလောတကြီးအလျှင်လိုနေတာတောင် ခြေနင်းသံကျယ်ကျယ်မထွက်။
ချောမောလှပပြီးအေးစက်စက်ကျောက်သားမျက်
နှာလေးမှာမြင်ရတဲ့Alphaစစ်သားတိုင်းကိုအံသြ
မှင်သက်စေတယ်။ဒီOmegaသာ King Jeon
အပိုင်မဟုတ်ခဲ့ဘူးဆိုရင် ဒီAlphaစစ်သားတွေအားလုံးအပြိုင်အဆိုင်ချဥ်းကပ်ဖို့ကြိုးစားအားထုတ်ကျမှာ။

"အရှင်....ဝင်လို့မရပါဘူး၊King Jeonကိုကျွန်
တော်တို့ဆက်သွယ်ရေးစနစ်ကနေတစ်ဆင့်
အရှင်ရောက်ရှိကြောင်း တင်ပြပေးပါ့မယ်"

နန်းတွင်းရဲ့စည်းမျဥ်းစည်းကမ်းတွေမှာတင်းကျပ်
လွန်းပြီးKing Jeonနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံဖို့အရမ်းကိုခက်ခဲပါသည်။Taehyungမကျေမနပ်
"ဟမ့်"ကနဲအသံပြု၏။ အစောင့်စစ်သားတစ်ဦးက
အစိမ်းရောင် lightsrceenကို ထုတ်ကာ King
Jeonအားဆက်သွယ်ပြီးအကြောင်းအရာတစ်ချို့
ကိုတင်ပြနေသည်။TaehyungနေရာမှာMonaဆို
ဒီလိုကြာပါ့မလားဟုတွေးမိတော့လည်းရင်ဘတ်ထဲဆစ်ကနဲ။

သိပ်မကြာ အခန်းတံခါးက အလိုအလျှောက်ပွင့်လာရသည်။အခန်းထဲ အင်ပါယာနယ်နမိတ်ပြ
မြေပုံတွေ၊စစ်ဘက်ရေးရာ အသေးစားပြခန်း
တွေ၊တိုက်လေယာဥ်ပုံစံငယ်တွေအများကြီးထားရှိတယ်။King Jeonကတော့ Taehyungကိုကျောပေးကာပြူတင်းပေါက်ဘက်မျက်နှာမူလျှက်ရပ်နေသည်။ မမြင်ရတာကြာတော့ဒီလူရဲ့ပုံပန်း
သွင်ပြင်ကိုTaehyung မေ့လျှော့နေပြီ။အနီရောင်ကော်ဇော်ထက်ကိုယ်ကိုနှိမ့်ချကာ ဒူးထောက်ဂါရဝပြုလိုက်တဲ့Taehyungရယ်။

Queen ConsortWhere stories live. Discover now