ဒါပေမဲ့ လုချွမ်ကကိစ္စတွေကို ကိုယ့်ဘာသာကိုယ်ကိုင်တွယ်ပြီး လက်ထပ်သွားမယ်လို့ အမေလုကမမျှော်လင့်ထားခဲ့ပေ။ ဒီအကြောင်းကိုလုမိသားစုသိသွားကြချိန်တွင် နှစ်‌ယောက်သားကလက်ထပ်မှတ်ပုံတင် ယူပြီးသွားကြပြီ။

လုချွမ်သည်အိမ်ထောင်စုမှတ်ပုံတင်ကို တိတ်တိတ်လေးခိုးယူကာ လက်ထပ်မှတ်ပုံတင်ရယူခဲ့သည်။ သူမလက်ထပ်လိုက်တဲ့သူက လုချွမ်နဲ့အတူရှိနေတာကို လုချိုးအရင်ကတွေ့ခဲ့တဲ့လူပါပဲ။

လုချွမ်ကထိုလူနဲ့သူမရဲ့ဆက်ဆံရေးအကြောင်း ဘာလို့မိသားစုကိုအရင်ကမပြောပြရဲခဲ့တာလဲဆိုတာ လုရှလည်းသဘောပေါက်ပါသည်။ ဘာကြောင့်လဲဆိုတော့ ထိုလူကကြည့်ကောင်းတဲ့ရုပ်ရည်ကလွဲရင် ကမ်းလှမ်းစရာတခြားများများစားစားမရှိပါဘူး။

သူ့မိသားစုကအလွန်ဆင်းရဲပြီး တစ်မိသားစုလုံးသည်လူနေအဆောက်အဦးကြီးတစ်ခုထဲက သုံးဆယ်စတုရန်းမီတာပတ်လည်လောက်ရှိတဲ့ အခန်းလေးတစ်ခုအတွင်းမှာ တိုးဝှေ့နေကြသည်။ သူကမိသားစုရဲ့အကြီးဆုံးသားဖြစ်ပြီး စက်ရုံမှာအစောင့်အဖြစ်အလုပ်လုပ်သည်။

သူ့မှာတည်ငြိမ်တဲ့အလုပ်တစ်ခုရှိတယ်ဆိုပေမဲ့ သူကအလုပ်သင်တစ်ယောက်ပဲဖြစ်နေသေးပြီး လုပ်အားခနည်းနည်းပဲရသည်။ သူ့မိသားစုကိုထောက်ပံ့ပေးရတာကြောင့် သူ့အတွက်ဘဝကခက်ခဲကျပ်တည်းသည်။

အမေလုသည်ဒီအကြောင်းသိသွားတော့ ဒေါသူပုန်ထလုနီးပါးဖြစ်သွားခဲ့သည်။ သူမမှာတော့သမက်လောင်းကိုရှာဖို့ အများကြီးဖြတ်ကျော်ခဲ့ရပေမဲ့ သူမသမီးလေးကသူ့လိုလူတစ်ယောက်နဲ့ အဆုံးသတ်သွားမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ဒါပေမဲ့ အခြေအနေကသတ်မှတ်ပြီးသားဖြစ်ရာ ပြောင်းလဲစရာနည်းလမ်းမရှိတော့ပေ။

အမေလုသည်ဒီအခြေအနေကိုလက်ခံပေးဖို့ သူမကိုယ်သူမနားချရန်ကြိုးစားနေစဉ်မှာပဲ လုချွမ်ရဲ့နောက်ထပ်လှုပ်ရှားမှုက နောက်ဆုံးမှာသူမကိုဒေါသတွေနဲ့ဆဲဆိုသံတွေကို ဆက်မထိန်းထားနိုင်ဖြစ်စေခဲ့သည်။ လုချွမ်ကလုမိသားစုအိမ်မှာနေထိုင်ရန် သူမယောက်ျားကိုပြန်ခေါ်လာချင်သည်။ လူတိုင်းကအခန်းလေးတစ်ခုထဲမှာအတူနေကြရပြီး သူမတို့နှစ်ယောက်အတွက်နေရာမရှိတဲ့ သူ့မိသားစုအခြေအနေကြောင့်ပါပဲ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now