အပိုင်း (၃၀)

604 51 2
                                    

အဲ့ဒီနှစ် ဒီဇင်ဘာ။ ရန်ကုန်ဆောင်းက နွေသာသာရယ်။ မချမ်းတဲ့ဆောင်းမို့ အထွေအထူးမမှတ်မိချင်ပေမယ့် လင်းမှတ်ဉာဏ်တွေထဲ ဖြစ်စဥ်အစအဆုံးကထင်ရှားလို့နေဆဲဖြစ်သည်။

ဆိတ်ငြိမ်၍ လှပသော တစ်ထပ်အိမ်လေး။ ဒီဇင်ဘာတစ်လလုံးလိုလိုမှာ ဒီအရပ်ဆီသို့ရောက်ခဲ့သည်။ မြင်တွေ့နေကျလူတွေထဲက တစ်ယောက်ပေမယ့်လည်း လင်းအတွက်ထူးခြားပေးသည့် လူသားလေးက ငြိမ်းရှင်လူဆိုသည့် သွားကျိုးနဲ့ကောင်ငယ်လေးဖြစ်၏။

ဖေဖေတို့နဲ့ လိုက်လာဖြစ်တိုင်းမှာ တစ်ခါသာပြောပြဖြစ်သော နာမ်စားကို ကောင်ငယ်လေး သဘာဝကျကျနဲ့အမြဲခေါ်တွင်တတ်သည်။

"မမ......"

မေ့ပျောက်ဖို့ကိုလည်း လင်းဘက်ကကြိုးစားဖြစ်ခဲ့သည်။ မတွေ့တာကြာလျှင် မေ့လျော့သွားစေသည့် ချည်နှောင်ခြင်းမျိုးမဟုတ်ခဲ့တာကို မြန်မာပြည်ပြန်ရောက်ရောက်ခြင်းမှာပဲ သိခွင့်ရ၍ ဝမ်းသာလွန်းခဲ့ရသည်။

မေမေ့ဆီကို ရောက်လာခဲ့သော ငြိမ်းငြိမ်း။
မကြာပါဘူး လင်းကိုလာတောင်းပေးရသည်တဲ့။
ကလေးဆန်တတ်ပေမယ့် လူငယ်ပီပီရဲရင့်တဲ့ကောင်လေးက လင်းကို သူ့ဘက်အသိုင်းအဝိုင်းတစ်ခုလုံးခေါ်ပြီး တောင်းရမ်းသည်။ ဝမ်းသာလွန်း၍ ငိုချင်သည်အထိ ကြည်နူးခဲ့ရတာကို တခြားဘယ်သူမှမရိပ်မိခဲ့။

လင်းဘဝမှာ လင်းရွေးချယ်ဖြစ်ခဲ့တဲ့ စိန်ခေါ်မှုတိုင်းအတွက်ကို ငြိမ်းငြိမ်းကမျှဝေခံစားချင်သေးသည်။ ဘန်ကောက်အထိလိုက်လာချင်တာကို သိပေမယ့် နာကျင်မှုတွေကို အကြင်သူအားမမြင်စေလို။

လှပပြည့်စုံသွားသည်မှပဲ မြင်တွေ့စေချင်သည်။ လင်းခံစားရသမျှကို လိုက်ပြီးခံစားပေးချင်တဲ့ အဆိုးအပေလေးမို့ တော်တန်ရုံလောက်ကိုသာ ပြောပြဖြစ်ပြီး ခပ်ခွာခွာပဲနေထိုင်ဖြစ်သည်။

လူတွေကြားထဲမှာ လင်းလက်ကိုဆွဲပြီး ပွဲထုတ်ဖို့အတွက်ကို ငြိမ်းငြိမ်းကမရှက်ပေမယ့် လင်းဘက်ကမဝံ့ရဲသေး။ ထူးဆန်းသလိုကြည့်ကြမှာကိုလည်း အဖြစ်မခံချင်တာမို့ သိုသိုသိပ်သိပ်ပဲနေထိုင်ဖြစ်သည်။

တိမ်တွေသာတဲ့ နေ့Waar verhalen tot leven komen. Ontdek het nu