"တရားလို၊ တရားပြိုင်နှစ်ဖက်လုံးက တင်သွင်းစရာသက်သေရှိပါသေးသလား။"
သြဇာတိကမ္မကြီးမားသည့် တရားသူကြီး၏စကားသံ ပြီးဆုံးသွားသည့်နှင့် ဝဏ္ဏထွန်းက မတ်တပ်ရပ်သည်။စစ်မေးသည့်နေရာတွင်မျက်ရည်ကျနေသည့် သံသာချိုအေးကို လည်းကောင်း၊ အရာရှိနှစ်ယောက်၏လက်ကနေ ရုန်းကန်နေသည့် ဟိဏ်းဇမ္ဘူဆီကိုလည်းကောင်း သူ့အကြည့်တွေကသက်ရောက်၏။
ပြီးခါမှ နောက်ထပ်စွဲဆိုချက်အဖြစ် တရားရုံးသို့တင်သွင်းသည့် အိတ်ပိတ်စာလွှာအား ရုံးလက်ထောက်ထံသို့ပေးအပ်သည်။ ရုံးလက်ထောက်မှတဆင့် တရားသူကြီးထံသို့ ရောက်ရှိသွားသည့် စာအိတ်အား လာရောက်ကြည့်ရှုသူများက အထူးတလည်စိတ်ဝင်စားလျက်ရှိသည်။
မင်းမြတ်သူရိန်ညွှန့်သည်လည်း အိတ်ပိတ်စာအိတ်အားဖွင့်ဖတ်ပြီးနောက်တွင် စိတ်ရှုပ်သွားသည့်အခါတိုင်းမှာ ပြုမူတတ်သည့် မျက်မှန်အားအပေါ်သို့ပင့်တင်၍ အကြည့်တွေကိုလည်းမှေးကျဥ်းသွားသည်။
"တရားသူကြီးမင်းခင်ဗျာ။ ကျွန်တော်တင်သွင်းတဲ့ နောက်ထပ်တရားစွဲဆိုမှုကို ရုံးတော်ကနေ အသိအမှတ်ပြုပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။"
"ဒါက...."
"ဟုတ်ကဲ့ တရားသူကြီးမင်း။ ကျွန်တော်နောက်ထပ်စွဲဆိုတဲ့ တရားခွင်ဟာ လက်ရှိတရားခွင်နဲ့မသက်ဆိုင်ပေမယ့်။ ဝေးကွာ ကွာဟနေတဲ့စွဲဆိုခြင်းလည်းမဟုတ်တာကြောင့် တရားသူကြီးဘက်ကနေ အမှုကိုပူးတွဲစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်ဗျာ။"
ဝဏ္ဏထွန်း၏စကားကြောင့်နဲ့ မင်းမြတ်သူရိန်ညွှန့်သည် ငြိမ်သက်စပြုနေသည့် ဟိဏ်းဇမ္ဘူဆီသို့ကြည့်သည်။ ၃နှစ်နီးပါးလောက် အလုပ်အတူတူလုပ်ကိုင်ခဲ့သည်ကြောင့် ဟိဏ်းဇမ္ဘူ၏စိတ်နေသဘောထားကိုသိသည်။
လက်ရှိမှာ ရုန်းရင်းဆန်ခတ်ဆိုတာမျိုးတွေ ပြုမူသည်ကလည်း မိန်းကလေးကြောင့်သာ။ ဟိဏ်းဇမ္ဘူလိုလူမျိုးက ဝဏ္ဏထွန်းလိုရှေ့နေတစ်ယောက်ရဲ့ တရားစွဲဆိုမှုမျိုးကြောင့် ယိမ်းယိုင်သွားမှာမဟုတ်တာကို ဆင်ခြင်မိပြီး အခြေအနေကိုကိုင်တွယ်ဖို့ရာဆုံးဖြတ်လိုက်သည်။
![](https://img.wattpad.com/cover/356349268-288-k273636.jpg)