အပိုင်း (၂)

1.3K 37 0
                                    

"ဆိုတော့ မင်းနဲ့အဲ့ဒီကောင်လေးနဲ့က ဇာတ်လမ်းမပြီးသေးဘူးပေါ့....."

"ပြန်ဆုံတာပဲကို ဘာဇာတ်လမ်းရမှာလဲနော်...."

"အံမယ်...... လုပ်မနေပါနဲ့။"

HPလျှပ်စစ်မှ အငယ်ဆုံးသားဖြစ်သော ထက်ပိုင်စေသည် လင်းမြတ်သူ၏ပခုံးဆီလှမ်း၍ တိုးတိုက်ရင်း ရယ်မောပြနေသည်။ နှစ်ယောက်လုံးမှာ နိုင်ငံခြားတွင်ကျောင်းတတ်ရင်း ခက်မင်လာကြသူများဖြစ်သည်။ အရပ်ပုသည့် ထက်ပိုင်စေက လူဗလံလေးလိုဖြစ်နေပေမယ့် စိတ်ရင်းကတော့ ကောင်းသည်။

သာမန်နှင့်မတူ နွဲ့နှောင်းသည့် ပုံစံဘက်သို့သွားသော လင်းမြတ်သူအား တော်တော်လေးခင်မင်ရှာသည်။ ခန္ဓာကိုယ်ပိန်းပါးပြီး သွယ်လျသည့်လင်းမြတ်ဘေးမှာဆိုလျှင် ထက်ပိုင်၏အရပ်အမောင်းက သိသိသာသာနိမ့်ကျန်ခဲ့တာဖြစ်သည်။

"Gymမှာ အာရုံစိုက်လို့မရဘူးလား ထက်ပိုင်....."

ထိုသို့ တိုးထိပူးကပ်ခြင်းများကို မနှစ်မြို့သော လင်းမြတ်သည် အောက်ပိုင်းထိုင်လေ့ကျင့်နေရင်းကနေ ထက်ပိုင်နှင့်ဖယ်ခွာသည်။ ထိုကြောင့် ထက်ပိုင်သည်အနည်းငယ်မျှယိုင်သွားသည်။ နောက်ထပ်နေရာဖြစ်သော ပြေးစက်ဆီသို့လင်းမြတ်သွားသည်တွင်မှာ ထက်ပိုင်က လင်းမြတ်နောက်သို့ လိုက်သေးသည်။

"လင်း....။ ငါမေးတာကို ဖြေဦးလေကွာ။
မင်းတို့နှစ်ယောက်ရဲ့ ချစ်စရာဇာတ်လမ်းလေးကို....."

ထက်ပိုင်ပြောနေသည့်စကားက အဆုံးမရောက်ခင်မှာ ကောင်လေးတစ်ယောက်နဲ့တိုက်မိသွားသည်။ လင်းမြတ်ပြေးနေသည့် ပြေးစက်နံဘေးမှာ ရပ်နေသည်ကြောင့် လူရှုပ်သည်ဆိုသော်လည်း တစ်ဖက်လူက တမင်ရည်ရွယ်ပြီးတိုက်တာဖြစ်သည်။

Gym၏ကြမ်းပြင်မှာ ပစ်စလတ်ခတ်လဲကျသွားသည့်ထက်ပိုင်ကို လင်းမြတ်ကထူပေးသည်တွင် ကြောက်စရာအကြည့်တွေကို ရင်ဆိုင်လိုက်ရသည်။

"ငြိမ်းငြိမ်း......။ "

"သူ့ကို မထိနဲ့......"

ထက်ပိုင်အား တွဲပေးထားသည့် လင်းမြတ်၏လက်အစုံကို ဆွဲယူပြီး လူကိုသူ့နံဘေးမှာကပ်ထားသည်။ ထိုမျှနဲ့တင်မကျေလည်နိုင်သေးသည့် ငြိမ်းရှင်လူသည် ထက်ပိုင်ကို ဝါးစားတော့မတတ်ကြည့်နေသေးသည်။

တိမ်တွေသာတဲ့ နေ့Where stories live. Discover now