အပိုင်း (၉)

518 52 4
                                    

ကိုမြင့်ထွန်းက မန္တလေးကိုသွားသည်ဟု ဆိုခြင်းကြောင့် ဟိဏ်းဇမ္ဘူက အမြန်လမ်းအထက်မှာကားကိုမောင်းနှင်နေသည်။ စိတ်အားထက်သန်နေချိန်မှာ ပြောချင်သည့်စကားက အချိန်တွေကြာသွားလျှင် ပြောမထွက်တော့မှာဖြစ်သည်။

စိတ်ရှိသည့်အတိုင်း သွားနေရင်းက စဥ်းစားမိသွားသည်။ မန္တလေးကို သွားသည်ဆိုတာကိုပဲ သိခဲ့တာဖြစ်သည်။ နေရာအတိမကျကို သိဖို့ရာအတွက်ကို မန္တလေးမြို့မှကြိုဆိုပါ၏ ဆိုသောဆိုင်းဘုတ်ကိုမြင်မှ သတိရခဲ့သည်။

"ကိုငယ်.....။ "

"ဟိဏ်း...မင်း ဘယ်ရောက်သွားတာလဲ။
ဒီမှာ မနက်စာစားဖို့မင်းကိုစောင့်နေတော့မလို့၊ အခုဘယ်အချိန်ရှိနေပြီလဲ ။"

"ကျစ်... ကိုငယ်။
မင်း အချိန်သိချင်ရင် နာရီကြည့်ကွာ။
ငါမေးမယ်မှာ. မင်းသူငယ်ချင်းဘယ်မှာလဲ မင်းသိလား။"

"သံသာချိုအေးလား။ ပုဂံသွားတယ်လေ......"

"မန္တလေးသွားတာ မဟုတ်ဘူးလား။"

"မန္တလေးလေဆိပ်ကနေ ညောင်ဦးလေဆိပ်ကိုဆင်းမယ်ပြောတာပဲ။ ပုဂံမှာ မြေကွက်သွားကြည့်တာလားပဲ။"

"ဒါဆို သူတို့ဘယ်မှာနေလဲဆိုတာကို မေးပြီး ငါ့ဆီစာပို့ထားပေးစမ်းပါ။ ငါအခုပဲ ညောင်ဦးကို အရင်မောင်းသွားမယ်။"

"ဟာ နေဦး....။ ဟေ့ကောင်......"

ပြတ်တောက်သွားသည့် ဆက်သွယ်ရေးကြောင့်နဲ့ ငြိမ်းရှင်လူ၏အသံက အနားမှာရှိနေသည့် လင်းမြတ်သူသာကြားနိုင်သည်။

"ဖုန်းချသွားပြီ......."

အပြင်ထွက်ဖို့အတွက် ပြင်ဆင်နေရင်းကနေ ဝင်လာသည့် ဟိဏ်းဇမ္ဘူဆီက ဖုန်းကြောင့်နဲ့ ငြိမ်းရှင်လူမှာ နားမလည်နိုင်သလို မျက်ခုံးပင့်ရသည်။ ညီအငယ်လေးက ဘာတွေဖြစ်နေသည်ကို မသိရပဲ သူငယ်ချင်းမဆီကိုဆက်သွယ်မေးမြန်ခိုင်းသည်မို့ ပြောသည့်အတိုင်းကို လုပ်ပေးရသည်။

"ဘယ်သူ့ဆီကို ဆက်ဦးမှာလဲ ငြိမ်း။"

"သံသာချိုအေးဆီကို....။ ခဏပဲ မမ။
ဟိဏ်းမေးခိုင်းတာ မေးပြီးရင်ပြီးပြီရယ်......"

တိမ်တွေသာတဲ့ နေ့Where stories live. Discover now