Ep-20 (final)

649 10 0
                                    

"မုန်းမာန်ပြယ် ချစ်ခြင်း"

Ep-20

🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕

Sean တစ်ယောက် အခုမှဘဲ သက်ပြင်း ချရဲတော့သည်။

နှစ်ရက်နီးပါး အဆက်အသွယ်မရသည့် ကျန့်ကျန့်ကြောင့် သူစုံစမ်းရသမျှကို ဝမ်ရိပေါ်ဆီပြောပြလိုက်တော့သည်။

သူပြောပြလိုက်သည်က ဝမ်ရိပေါ်နှင့် အားကျန့်ကို ပိုပြီး အဆင်ပြေစေချင်လို့ပင်။

သို့ပေမယ့်တိုင် ဝမ်ရိပေါ် တဏာရူးက ခပ်လေးလေးသက်ပြင်းချလို့ စိတ်မပျက်စေရပါဘူး ။ ထပ်တူ ပြန်ပြီး ပေးဆပ်ပါ့မယ်တဲ့။ ဘာတွေမှန်းကို မသိဘူး။ 

အမှန်တကယ်ဆို ချက်ချင်း ပြန်ပြီး ပြေလည်လို့ရတဲ့ ကိစ္စကြီးလေ။

အခု အားကျန့်ကို ပြောပြလိုက်ပြန်တော့လဲ ခပ်လှောင်လှောင်လေး ရယ်သွေးခြုံလို့ ကျေးဇူးပါတဲ့။

တကယ် တကယ် ။ play boy Sean ခေါင်းနောက်တယ်။ လိုက်မမှီတော့သလိုပဲ။

ရှောင်းကျန့် တစ်ယောက် အကြောင်းစုံကို သိရသော်လည်း နည်းနည်းလေးတော့ မကျေနပ်ချေ။

သူ မောင်းထုတ်လိုက်တာလေး တစ်ခုနဲ့ပဲ အခုချိန်ထိ ပေါ်မလာ။ အမြီးလေးတောင် ယောင်လို့ မတွေ့ရ။

အိမ်အကူ အန်တီကြီး ပြင်ပေးထားသော ညစာကို စားချင်စိတ်မရှိသော်လည်း ဝမ်ရိပေါ် အမှတ်ဖြင့်အားရပါးရ ညက်ညက်ဝါးကာ တစ်စုံတစ်ယောက်သောသူကို မျှော်နေမိသည်။

အလုပ်ဆင်းချိန် ရောက်များလာမလားဟု ခပ်ရူးရူးလေး တွေးကာ ထိုတစ်ညတာကို Sofa ပေါ် ကွေးကွေးလေး ကုန်ဆုံးမိသည်။
အစာ မစားတာ ကြာပြီဖြစ်တဲ့ အစာအိမ်က ပဖြဲနဖြဲ စားလိုက်လို့ထင်သည်။
ရင်ဝ၌ တစ်ဆို့ဆို့ခံကာ အင့်နေသည်မှာ ကောင်းကောင်းပင် အိပ်လို့မရ။

ထိုတစ်ညတာလုံး မီးလင်းနေသော ဧည့်ခန်းကို ခြံဘေး မလှမ်းမကမ်းမှ ရပ်ကြည့်နေသော ကားတစ်စီးနှင့် လူနှစ်ယောက်ရှိနေခဲ့သည်။

ယွီပင်းခမျာ......ဆရာသမားရဲ့ အဖြစ်ကို သနားမိသလို သူငယ်ချင်းသာ ဖြစ်နေပါက ဆွဲထိုးပစ်ချင်နေပြီ။

မုန်းမာန်ပြယ် ချစ်ခြင်း (Completed)Where stories live. Discover now