Ep-10

529 16 3
                                    

မုန်းမာန်ပြယ် ချစ်ခြင်း

          &~&~Ep-10~&~&

" အကို ရှင့်ကို ကျွန်မပြောပြီးသားလေ။ ဘာလို့ .."

" အကိုက ကိုယ်တို့မိသားစုလေး ပိုပျော်စရာကောင်းအောင်ပါ။ ပြီးတော့ သားကလဲ ညီလေးတွေ ညီမလေးတွေ လိုချင်ရှာမှာ"

"မလိုဘူး ။ သား အတွက် ကျွန်မရှိတယ်။ ရှင်ဂရုမစိုက်လဲ ကျွန်မရှိတယ်။ ပြီးတော့ ဒီကလေးက ဂြိုလ်ကောင်လေး"

"မင်း..ကိုယ့်ကလေးကို ဘယ်လိုပြောနေတာလဲ။ ဒီကလေးကိုတော့ မွေးပေးပါကွာ နော်။ ကိုယ် မင်းတို့နဲ့ အတူနေနိုင်အောင်ကြိုးစားပါ့မယ်။ခုကလဲ တိုက်ဆိုင်တာပါကွာ"

"ရှင်..ဟွန့် .မွေးပေးရင် ကျွန်မတာဝန်ကျေပြီမလား"

"ကျေးဇူးပါကွာ ..ကျေးဇူးပါ"

မထင်မှတ်ပဲ ရသွားခဲ့တဲ့ ဒုတိယကိုယ်ဝန်ကြောင့် ရှောင်မား စိတ်ညစ်ရသည်။

အလှအပ အလေးပေးသည့်သူက ခင်ပွန်းဖြစ်သူ ရှောင်းအကိုနှင့် သားသမီးတစ်ယောက်သာ ယူရန် သဘောတူထားသည်။

တစ်ဦးတည်းသော သမီးဖြစ်ခဲ့ကာ မိဘတွေရဲ့ အချစ်ကို အကုန်အပြည့်အဝ ရခဲ့သည့် သူမက

သူမကလေးကိုလဲ တစ်ဦးတည်းသာ ယူကာ လိုလေသေးမရှိအောင် ပြည့်စုံစေချင်သည်။

ထိုအတွေးများနှင့်သူမက

ဒုတိယကိုယ်ဝန် ဒုတိယ ကလေးဆိုတော့

တကယ်ပဲ လက်မခံနိုင်။

ထိုအချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ ဝါသနာအရ ဖွင့်လှစ်ထားသော စိန်ရွှေရတနာဆိုင်ကြီးမှာလဲ ပြသနာအနည်းငယ်ရှိနေသည်။

ထိုအလုပ်ကို လုပ်ကိုင်လာသည်မှာ လေးနှစ်ကျော်၍ ငါးနှစ်အတွင်း ရောက်နေပေသည်။ ထိုကာလအတွင်း မည်သည့်ပြသနာမှ ကြီးကြီးမားမား မရှိဘူးခဲ့။

အခု ထိုကလေး ကိုယ်ဝန်တစ်လဟုသိရချိန်မှ ခုလိုထဖြစ်ခြင်း။

မကြိုဆိုပဲ ရောက်လာခဲ့သည့် ထိုကလေးကြောင့်  ခုလိုဖြစ်ရသည်ဟု ထစ်ထစ်ချ သူမယုံကြည်သည်။

မုန်းမာန်ပြယ် ချစ်ခြင်း (Completed)Where stories live. Discover now